ဓာတ်ပုံ – WSP

ရွှေဖီမြေ၊ ဇွန်လ ၁၄ ရက်

“ဝ” ပြည်တရားရေးကော်မတီ – WSP က “ဝ” ပြည်နယ် တရားဥပဒေစီမံခန့်ခွဲရေးကော်မတီ ပါတီကော်မတီရဲ့ ဆုံးဖြတ်ချက်အရ “ပြည်သူ့လူထု ကြီးကြပ်စောင့်ကြည့်ရေးစနစ်” ကို တည်ဆောက်လိုက်တယ်လို့ မနေ့ ဇွန်လ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ပိုမိုစနစ်တကျဖြစ်စေဖို့၊ ပြည်သူ့အကျိုးပြု ဥပဒေစိုးမိုးရေးဝါဒကို အကောင်အထည်ဖော်ဖို့၊ ဥပဒေစိုးမိုးရေးအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ ကျေနပ်မှုကို မြှင့်တင်ဖို့ စတဲ့ရည်ရွယ်နဲ့ ပြောင်းလဲခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ရပ်တပ်ဖွဲ့ဝင်တွေမှာ ဥပဒေစိုးမိုးရေး မဆောင်ရွက်ခြင်း၊ တရားမျှတမှုရရှိအောင် မဆောင်ရွက်ခြင်း၊ အာဏာအလွဲသုံးစားပြုခြင်းနဲ့ ကိုယ်ကျိုးအတွက် ဥပဒေကို လက်တစ်လုံးခြားပြုလုပ်ခြင်းစတဲ့ အပြုအမှုတွေရှိပါက တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဥပဒေစိုးမိုးရေးလုပ်ငန်းတာဝန်ထမ်းဆောင်တဲ့အချိန်မှာ အလုပ်သက်သေခံကတ်ပြားပြရမှာဖြစ်ပြီး မပြရင် ဥပဒေစိုးမိုးရေးဆိုင်ရာစည်းမျဉ်းချိုးဖောက်မှု အဖြစ်သတ်မှတ်မယ်ဖြစ်ကာ ပြည်သူတွေအနေနဲ့ တိုင်ကြားရာမှာလည်း တိုင်ကြားခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ သက်သေခံကတ်ပြားနံပါတ်ကိုပေးဖို့ လိုအပ်တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

ပြည်သူတွေရဲ့ တရားဝင်ပိုင်ဆိုင်မှု၊ ဂုဏ်သိက္ခာ ဒါမှမဟုတ် အခြားတရားဝင်အခွင့်အရေးတွေကို ထိခိုက်နစ်နာပါက “ဝ” ပြည်တရားစီရင်ရေးကော်မတီ – WSP အနေနဲ့ လုံးဝလစ်လျူရှုမှာမဟုတ်ဘဲ စီစစ်စုံစမ်းအရေးယူသွားမယ်လို့ ထပ်လောင်း ပြောကြားထားပါတယ်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် – UWSP/UWSA က ပြီးခဲ့တဲ့ဇွန်လ ၆ ရက်မှာ “ဝ” ပြည်တရားရေးကော်မတီ – WSP ရဲ့ ထိပ်တန်းတာဝန်ယူထားသူတွေကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး “ရန်ဖျင်” ဆိုသူကို ရဲဌာနရဲ့ ပူးတွဲကြီးကြပ်စီမံခန့်ခွဲသူအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပါတယ်။

မနေ့ ဇွန်လ ၁၄ ရက်မှာတော့ “ဝ” ပြည်ရဲဌာန အပြောင်းအလဲ စတင်မြင်တွေ့လာရသလို လက်ရှိ ရဲဌာနရဲ့ ဒုအတွင်းရေးမှူးအသစ်ဖြစ်လာတဲ့ “ရန်ဖျင်” အကြောင်းကိုသိရှိဖို့ နီးစပ်သူတွေထံ ရွှေဖီမြေက စုံစမ်းမေးမြန်းထားဆဲဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။