ဓာတ်ပုံ – ဓနုတပ်ရင်း – ၁၀၀၀၃

ရွှေဖီမြေ၊ ဇွန်လ ၂၂ ရက်၊ ရွာငံ

ရှမ်းတောင် ရွာငံမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့နာမည်ကို အသုံးပြုပြီး ဓားပြတိုက်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိကြောင်း ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် – (၁၀၀၃) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး (၁၀၀၃) တပ်ရင်းက စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်တဲ့အဖွဲ့ထဲက အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ဟာ အွန်လိုင်းစလော့ဂိမ်းနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ ဖမ်းမိထားတဲ့ ဓားပြတိုက်အမျိုးသားတစ်ဦးရဲ့ဝန်ခံချက်‌ထဲမှာ ၎င်းတို့က စလော့ဂိမ်းဆော့ဖို့ ငွေကြေးလိုအပ်နေတာကြောင့် သေနတ်အတုတွေနဲ့ ဓားတွေကို အသုံးပြုပြီး ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ‌တော့ ဓားပြတိုက်သူရဲ့ အဖွဲ့ခေါင်းဆောင်နဲ့ ကျန်ရှိနေတဲ့ အဖွဲ့ဝင်တွေက ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဓားပြတိုက်မှု ကျူးလွန်သူတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နာမည်ကို အသုံးပြုပြီး တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း၊တော်လှန်ရေးတပ်ဖွဲ့နဲ့ ပြည်သူတို့အကြား ယုံကြည်မှု ကင်းမဲ့စေတဲ့ သတင်းအမှား ဖြန့်ဝေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ဖြစ်စဉ်မျိုး ပြည်သူတွေအပေါ် ဓားပြတိုက်မှု ကျူးလွန်လုပ်ဆောင်နေတာ‌တွေဟာ အဓိက စလော့ဂိမ်းနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ငွေကြေးလိုအပ်ချက်အရ လုပ်ဆောင်ခြင်းဖြစ်တာကို တွေ့ရပြီး ၎င်းဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေဖို့ (၁၀၀၃)တပ်ရင်းအနေနဲ့ ‌ဓနုဒေသအတွင်း စလော့ဂိမ်းကစားသူတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေသူတွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ကိုယ်တိုင်လည်း မူးယစ်ဆေးဝါးသုံးစွဲတာနဲ့ စလော့ဂိမ်း‌ကစားတာတွေ တွေရှိခဲ့ရင် ထိရောက်တဲ့ အရေးယူမှုတွေ ခံယူရမယ်လို့လည်း သတိပေးပြောဆိုထားပါတယ်။

ဓနုဒေသအတွင်းရှိ မိဘပြည်သူတွေအနေနဲ့လည်း အသက်မပြည့်သေးတဲ့ ကလေးတွေကို လောင်းကစားမှုနဲ့ မူးယစ်ဆေးဝါးမှုတွေ ပါဝင်ပတ်သက်မှု မရှိစေရန် ကြပ်မတ်စောင့်ကြည့်ပေးပြီး ပတ်ဝန်းကျင်မှာလည်း အွန်လိုင်းစလော့ဂိမ်းဆော့နေသူတွေနဲ့ မူးယစ်ဆေးသုံးစွဲရောင်းဝယ်နေသူ‌တွေကို တွေ့ရှိ ၊သိရှိရင် တိုင်ကြားဖို့လည်း ဓနုတပ် (၁၀၀၃) တပ်ရင်းက တိုက်တွန်းထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။