ဓာတ်ပုံ- ရှမ်းမြောက် ဗလကသ

ရွှေဖီမြေ၊ မေလ ၉ ရက်၊ ကွတ်ခိုင်

ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ- ဗလကသ(ရှမ်းမြောက်)က ​ဦးဆောင်ပြီး ဒီနေ့ မေလ ၉ ရက်မှာ ကျရောက်တဲ့ ကဗျာဆရာ ခက်သီ ကျဆုံးခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်မှာ ကျင်းပခဲ့တယ်လို့ ကဗျာဆရာတွေက ပြောပါတယ်။

အခမ်းအနားမှာ ကဗျာဆရာ ခက်သီကို အောက်မေ့သတိရတဲ့အနေနဲ့ သူ့ရဲ့ကဗျာတွေကို ရွတ်ဖတ်ခဲ့ကြတယ်လို့ ကဗျာဆရာ ကိုယဥ်ဝယ်ထက်က ပြောပါတယ်။

“ကိုခက်သီ ကဗျာတွေ ရွတ်တယ် ကွတ်ခိုင်မှာကော နမ့်ခမ်းမှာကော။ ပြီးတော့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ သူသာ ပါဝင်နေတယ်ဆိုရင် ဘယ်လိုဖြစ်မှာလဲဆိုတဲ့ဟာမျိုးတွေ ဆွေးနွေးကြတာပေါ့လေ”

ကွတ်ခိုင်မြို့နယ်မှာ ကဗျာဆရာဖြစ်ကြတဲ့ ကိုငြိမ်းချမ်း (တံတားဦး)၊ ကိုမြတ်မင်းအိမ်၊ ကိုဘရန်လီအောင်၊ ကိုဆဏ်းမောင်၊ သရက်သီး (ရေနံချောင်း )၊ တီအေအယ်၊ ဟောင်းဟောင်း၊ တော်လှန်ကဗျာချစ်သူတို့ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမြို့နယ်မှာတော့ ကဗျာဆရာ ဆူးခက်၊ ယဥ်ဝယ်ထက်၊ မဂမ်၊ ဝေယံတာရာ၊ ကဗျာဆရာမ သဲလွန်းသူတို့က ကဗျာရွတ်ဆိုပွဲကို ပူးပေါင်းပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကဗျာဆရာ ခက်သီကို ၂၀၂၁ ခုနှစ် မေလ ၈ ရက် ည ၉ နာရီဝန်းကျင်က ရွှေဘိုမြို့ရှိ နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက် ဖမ်းဆီး သွားပြီးနောက် စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ခံရတာကြောင့် မေလ ၉ ရက် မနက်မှာ ကျဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။