ရွှေဖီမြေ၊ မေလ ၁ဝ ရက်၊ မန်တုံ

တအာင်းဒေသ မန်တုံမြို့နယ် စေကော်နဲ့ပန်ခါးလေးကျေးရွာမှာ မြို့နယ် တအာင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၂ ဦးနဲ့ သုံးစွဲသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တအာင်းတပ်ဘက်က မနေ့ မေလ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က မူးယစ်ဆေးဝါး ရောင်းဝယ်သူ အသက် ၅၆ နှစ်အရွယ် ဒေါ်ယေနုနဲ့ ၂၉ နှစ်အရွယ် ဦးအောင်ခိုင်တို့ဆီကနေ စိတ်ကြွဆေးပြား ၅၉၀ ပြား၊ ဘိန်းဖြူထည့်တဲ့ ဆပ်ပြာခွက် ၁ ခွက် ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပန်ခါးလေးရွာမှာလည်း ဧပြီ ၂၃ ရက်က မြို့နယ်တအာင်းရဲတပ်ဖွဲ့က ရှောင်တခင် စစ်ဆေးစဉ် မူးယစ်ဆေးဝါး သုံးစွဲသူ အသက် ၅၀ နှစ်အရွယ် ဦးအမင်းဆီကနေ စိတ်ကြွဆေးပြား ၅၇ ပြား၊ ဘိန်းဖြူ ၁.၁ ဂရမ်နဲ့ တခြားသက်သေခံပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပြီး သုံးစွဲသူကိုလည်း အကျင့်စာရိတ္တ ပြုပြင်ပေးသွားမှာဖြစ်ကြောင်း ဆက်လက် ဖော်ပြထားပါတယ်။

မန်တုံမြို့နယ်ကို ၁ဝ၂၇ စစ်ဆင်ရေး ပထမလှိုင်းဖြစ်တဲ့ ၂ဝ၂၃ ဒီဇင်ဘာ ၂၂ ရက်မှာ တအာင်းတပ်မတော်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။