ရွှေဖီမြေ၊ မေလ ၇ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မီးကြိုးသူခိုးတွေ သောင်းကျန်းနေပြီး မီး​ကြိုးတွေ နေ့စဥ်လိုလို ခိုးယူခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က လားရှိုးမြို့ ရပ်ကွက်(၁)ထဲမှာ မီးကြိုးခိုးယူခံနေရပြီး ရပ်ကွက် (၁၀)၊ ရပ်ကွက် (၁၁)၊ ရပ်ကွက်(၇) နဲ့ ရပ်ကွက်(၄) တွေမှာလည်း ခိုးယူခံနေရတယ် ဒေသခံတစ်ဦးက ပြောပါတယ်။

“မီးကြိုးလည်း နေ့တိုင်းပျောက်​။ တက်ခိုးကြတာ။ ရပ်ကွက်တိုင်းလိုလို ပတ်ခိုးနေတာပဲ။ ဘိန်းစားတွေ ပတ်ခိုးနေတာ။ ဒီနှစ်ရက် သုံးရက်ပဲရှိသေးတယ် ခိုးသွားတာ။ ကျန်တဲ့ဟာကို မနေ့က လာခိုးတယ်”

မီးကြိုးလိုက်ခိုးနေသူ အများစုဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေဖြစ်ပြီး နေ့ခင်းဘက်တွေမှာပါ လိုက်ခိုးနေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

“တချို့ ရပ်ကွက်က မီးမလာ။ မီးမလာဘူးဆို ခိုးပြီကော။ ရပ်ကွက် ၁၀၊ ရပ်ကွက် ၁၁ ပိုခိုးခံရတယ်” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

လားရှိုးမြို့ကို စစ်​တပ် ပြန်ထိန်းချုပ်ပြီးနောက် ခိုးမှု၊ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနဲ့ လုယက်တာတွေ မကြာခဏ ဖြစ်ပွားနေပေမဲ့ စစ်တပ်ဘက်က ဖမ်းဆီးအရေးယူနိုင်​တာ မရှိပါဘူး။

ပြီးခဲ့တဲ့ မေလ ၄ ရက်မှာလည်း ရပ်ကွက်(၇)၊ နယ်မြေ(၆)မှာ ဟိုက်ဂျက်ကားတစ်စီး ထပ်မံ ခိုးယူခံခဲ့ရတယ်လို့ ဖြစ်စဉ်သိရှိသူ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေလ ၃ ရက်မှာလည်း လားရှိုးမြို့ ရပ်ကွက်(၁) ပါရမီလမ်းသွယ် (၆)အနီးမှာ ဆိုင်ကယ် စီးလာတဲ့ အမျိုးသမီးတစ်ဦးကို အသက် ၂၀ ကျော်အရွယ် အမျိုးသား ၄ ဦးက ဓားထောက်ပြီး ဆိုင်ကယ်နဲ့ ငွေ သိန်း ၁၀၀ လုယူသွားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာလည်း အမျိုးသား ၂ ဦးက ကားဝယ်မယ်လို့ဆိုကာ ကားပွဲစား အမျိုးသားကို သတ်ဖြတ်ပြီး ကားကို လုယူသွားကာ တရားခံတွေကို စစ်ကောင်စီဘက်က ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။