ဓာတ်ပုံ – Local

ပို့လဘား၊ ဇူလိုင် ၁၃ ရက်၊ နမ့်ခမ်း

တရုတ်ပြည်ဘက်ရှိ လောင်းကျန်းရေကာတာကို တရုတ်ဘက်က ရေဖွင့်ချမှုကြောင့် နမ့်ခမ်းမြို့ရှိ ရွှေလီမြစ်ဟာ တဖြည်းဖြည်းနဲ့ ရေမြင့်တက်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

တရုတ်ရဲ့ ရေကာတာဖွင့်ချမှုကြောင့် နမ့်ခမ်းမြို့ ဟိုဆိုင်းရပ်ကွက်ရှိ ရေချောင်းနဲ့ ရွှေလီမြစ်က တဖြည်းဖြည်းနဲ့ ရေမြင့်တက်လာပြီး အဲဒီအနီးအနားမှာ နေထိုင်ကြတဲ့ ဒေသခံတွေ အရေးပေါ် ကြိုတင်ရှောင်ပေးဖို့ တအာင်းတပ် TNLA ဘက်က သတိပေးပြောဆိုထားပါတယ်။

ဒေသခံအမျိုးသားတစ်ဦးက ” နေ့လယ်တုန်းက ရွှေလီမြစ်ဘက်သွားတာ ရေကတော့ အရင်ရက်ထက် ကြီးတယ်။ နစ်မြှုပ်တဲ့အိမ်တွေက မြစ်အနီးမှာရှိတဲ့အိမ်တွေပဲ။ အဲမြစ်အနီးမှာရှိတဲ့ အိမ်တွေကလည်း လူနေတာသိပ်မရှိဘူး။ အဲမှာက လှေပိုင်ရှင်လောက်ပဲနေကြတာ”

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက် ည ၆ နာရီခွဲမှာ ရေစီးနှုန်း (၅၀၀ – ၁၂၀၀) ပမာဏရှိတဲ့ ရေကာတာကို တရုတ်ဘက်က ရေဖွင့်ချခဲ့တာကြောင့် ရေကာတာရဲ့ ရေဟာ နမ့်ခမ်းမြို့ ရွှေလီမြစ်ဘက် ရောက်ရှိလာနိုင်တဲ့ အခြေအနေရှိတယ်လို့လည်း တရုတ်ဘက်က စာထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ – TEWG ဘက်ကလည်း တရုတ် – မြန်မာနယ်စပ်နဲ့ မနီးမဝေးမှာရှိတဲ့ Longchuan Jiang မြစ်ဟာ အရှေ့ဘက်ကနေ အနောက်ဘက်ကို စီးဆင်းပြီးတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရွှေလီမြစ်ရဲ့ မြစ်လက်တက်ဖြစ်ပြီး အဲဒီမြစ်တလျှောက်မှာ ရေကာတာပုံစံနဲ့ အများအပြားတွေ့ရှိရတာကြောင့် ရွှေလီမြစ်ကမ်းအနီးနဲ့ နမ့်ခမ်းမြို့က ဒေသခံတွေဟာ ရေကြီးရေလျှံမှုကို အမြဲသတိပြုစောင့်ကြည့်လေ့လာပေးဖို့ အသိပေးပြောဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။