Screenshot

ယာရူစိင်၊ မတ်လ ၁၇ ရက်၊ ပန်ဆန်း

“ဝ”တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့မှာ ဓားခုတ်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက် နေ့လယ်ပိုင်းမှာ တရုတ်အမျိုးသား ၂ ဦး စကားများကြရာကနေ ဓားခုတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဓားခုတ်ခံရမှုကြောင့် တရုတ်အမျိုးသား ၁ ဦးက ခန္ဓာကိုယ်နဲ့ လက်တစ်ဖက်မှာ ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ အမျိုးသမီးက “ပိုက်ဆံ ချေးတဲ့ကိစ္စ ပိုက်ဆံ ပြန်မပေးတာမျိုး ဖြစ်မယ်။ သူ့လက်ထဲမှာက ဓားကိုင်ထားတော့ သူတို့ သူ့ကိုဖမ်းတဲ့အချိန်မှာ သေနတ်ဖောက်ပြီးမှ ဖမ်းရတာ။ ဒီမှာကျ အဓိကတော့ ဒီလောင်းကစားတွေ မူးယစ်ဆေးဝါးတွေ ဖဲရှုံးတာ ဖြစ်လာပြီဆိုရင် ခိုးမှုတွေ ဓားပြမှုတွေ ကြံလို့မရရင် လူသတ်မှုအထိပါ ဖြစ်တာပေါ့” ဆိုပြီး ပြောပါတယ်။

ဓားခုတ်သူ အမျိုးသားကိုတော့ “ဝ”တပ်ရဲ့ ရဲတပ်ဖွဲ့က ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့မှာပဲ ဖမ်းဆီးရမိခဲ့ပြီး “ဝ”ပြည်ရဲ့ တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့လည်း သိရပါတယ်။

ပန်ဆန်းမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ကလည်း တက္ကစီ အတူစီးကြတဲ့ တရုတ်နိုင်ငံသား ၂ ဦး စကားများကြရာကနေ အချင်းချင်း ဓားနဲ့ ထိုးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။