ရွှေဖီမြေ၊ မတ်လ ၆ ရက်၊ မိုးကုတ်

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းက ရွှေလိပ်ပြာဟိုတယ်မှာ အလုပ်လုပ်တဲ့ ရေဝေကျေးရွာက အမျိုးသား ၃ ဦး ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်ကတည်းက အဲဒီအမျိုးသား ၃ ဦးဟာ ရေဝေရွာကနေ ရွှေလိပ်ပြာဟိုတယ်ဘက် ပြန်သွားတဲ့အချိန် အဆက်အသွယ် ပြတ်တောက်သွားပြီး ဒီနေ့အထိ ၃ ဦးစလုံးနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတာလို့ ဆိုပါတယ်။

မိသားစုဝင်တစ်ဦးက “သူတို့ ၃ ယောက်က ရွှေလိပ်ပြာဟိုတယ်မှာ အလုပ်လုပ်တာ။ ဟိုတယ်ကနေ ခွင့် ၃ ရက်ယူပြီး အိမ်ပြန်လာတာ။ ခွင့်ရက်မပြည့်ခင် တစ်ရက်အလိုမှာ သူတို့ ၃ ယောက် ဟိုတယ်ကို ပြန်သွားတယ်။ အလုပ်ရှိတဲ့နေရာလည်း မရောက်သွားဘူး။ လေးငါးရက်အတွင်း သူတို့ အလုပ်ခွင်ထဲကလူ အိမ်အထိ ပြန်လာရှာတယ်။ အိမ်က မိသားစုကတော့ သူတို့အလုပ်ဘက် ရောက်သွားတာဘဲ ထင်နေကြတာ။ နောက်မှ ပျောက်သွားတယ်လို့ သိရတယ်” ဆိုပြီး ပြောပါတယ်။

ပျောက်ဆုံးသွားသူ အမျိုးသား ၃ ဦးဟာ အသက် ၂၇ နှစ် စိုင်းစံလင်း၊ ၂၄ နှစ်အရွယ် မောင်ဘဦးနဲ့ ၁၉ နှစ်အရွယ် မောင်ဟိန်းထက်ပိုင်ဆိုသူတို့ ဖြစ်ပါတယ်။

၎င်းတို့ ၃ ဦးကို မိတ်ဆွေဖြစ်သူတွေက မိုးကုတ်အနောက်ပိုင်း ကျောက်ဖာနားက စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ နောက်ဆုံး တွေ့ရှိခဲ့ပြီး အဲဒီကတည်းက ပျောက်ဆုံးသွားတာလို့ သိရပါတယ်။

ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေ စိတ်ပူနေတာကြောင့် တွေ့ရှိတဲ့သူတွေအနေနဲ့ မိသားစုဝင်ဖုန်းဖြစ်တဲ့ 09-671 589 246 သို့ ဆက်သွယ်အကြောင်းပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။