ဓာတ်ပုံ- Local

အိုက်ပွီး၊ မေလ ၇ ရက်၊ အိန္ဒိယ

နှစ်နိုင်ငံ စစ်ရေး တင်းမာနေတဲ့ အခြေအနေမှာ အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံကို ဒီနေ့ မေလ ၇ ရက် မနက် ၁ နာရီ ၅ မိနစ်ကစပြီး ၂၅ မိနစ်ကြာ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှု စတင်လုပ်ဆောင်လိုက်ပြီ ဖြစ်ပါတယ်။

လေကြောင်း တိုက်ခိုက်မူကြောင့် လူပေါင်း ၂၆ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်ရဲ့ ပြောခွင့်ရ ဒုဗိုလ်ချုပ်ကြီး အာမက် ရှရစ်ဖ် ချောင်ဒရီက ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဆင်ဒူး စစ်ဆင်ရေးနာမည်နဲ့ ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသရှိ အကြမ်းဖက်သမားတွေ တည်ရှိတဲ့ အဆောက်အအုံ ၉ နေရာကို တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယဘက်က ပြောဆိုထားပါတယ်။

ဒါပေမဲ့ ပါကစ္စတန်ရဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ရှောင်လွှဲပြီး ပစ်ခတ်တိုက်ခိုက်တာ ဖြစ်တဲ့အတွက် အရပ်သားနဲ့ ပါကစ္စတန်ရဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေ ထိခိုက်ခဲ့ခြင်း မရှိဘူးလို့ အိန္ဒိယဘက်က ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယက ပစ်မှတ်တွေကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောဆိုပါသေးတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုမှာ ပါကစ္စတန်က အိန္ဒိယ တိုက်လေယာဉ် ၅ စီးနဲ့ ဒရုန်း ၁ စီးကို ပစ်ချခဲ့တယ်လို့ ပါကစ္စတန်စစ်တပ် ပြောခွင့်ရ ဒုဗိုလ်ချုပ်ကြီး အာမက် ရှရစ်ဖ် ချောင်ဒရီက ပြောပါတယ်။

သူက ဆက်လက်ပြီး “သူရဲဘောကြောင်ပြီး ရှက်ဖွယ်ကောင်းတဲ့ လုပ်ရပ်” လို့ အိန္ဒိယရဲ့ ပါကစ္စတန်ကို ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပြောဆိုထားပါသေးတယ်။

ဒါကြောင့် အိန္ဒိယရဲ့ ပတ်ခတ်တိုက်ခိုက်မှုကြောင့် ပါကစ္စတန်ဘက်က ဒီနေ့မနက်ပိုင်းကစပြီး ဂျက်လေယာဉ်တွေကို ဝေဟင်မှာ စတင်နေရာယူထားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယဘက်ကလည်း နိုင်ငံရဲ့ ခရိုင် ၂၄၄ ခုမှာ ပြည်သူတွေ လေကြောင်းရန်မှ လူထုကာကွယ်ရေး အစမ်းလေ့ကျင့်ဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့မနက်မှာ ညွှန်ကြားလိုက်ပါတယ်။

အခုလို ပါကစ္စတန်ကို လေကြောင်း ပစ်ခတ်တိုက်ခိုက်တဲ့ အိန္ဒိယကို ကုလအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ရှုတ်ချထားပြီး အလွန်စိုးရိမ်နေရတယ်လို့ ပြောဆိုထားပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်ကြားက အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သူ့ရဲ့ X (Twitter)အကောင့်မှာ ရေးသားထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ရှက်စရာ လုပ်ရပ်လို့ မီဒီယာတွေကို ဖြေကြားထားပါတယ်။

ပြီးခဲ့တဲ့လက အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသထဲ အပန်းဖြေစခန်းတစ်ခုမှာ လာရောက် လည်ပတ်တဲ့သူတွေ အကြမ်းဖက် တိုက်ခိုက်ခံရလို့ လူ ၂၆ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီအကြမ်းဖက် တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ နှစ်ဖက် စစ်ရေး တင်းမာနေကြတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။