ဓာတ်ပုံ- SSST

မြတ်နိုး၊ ဇွန်လ ၂၅ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူနဲ့ ကောင်ဆန်ရွာအနီး ဆိုက်မျောကြောင်းတစ်ခုမှာ မနေ့ ဇွန်လ ၂၄ ရက် မနက်ပိုင်းက အမျိုးသားတစ်ဦး ကမ်းပါး ပြိုကျလို့ သေဆုံးသွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဆိပ်မူဘက် ရွှေမျောကြောင်းမှာ လူတစ်ယောက် သေသွားတယ်ဆိုတာ ဟုတ်တယ်ဗျ။ မနေ့မနက်က ဖြစ်တာပါ။ ဘယ်သူရယ်ဆိုတာ မသိသေးဘူးဗျ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မနေ့ နေ့လယ် ၁၂ နာရီခန့်က သေဆုံးသူရဲ့အလောင်းကို ပရဟိတအသင်းက သွားကောက်ခဲ့ပြီး အလောင်းကတော့ ပိုင်ရှင်မပေါ်သေးဘူးလို့ ဆိုပါတယ်။

“မျောကြောင်းမှ ရေမဆေးသမား ကျောက်ရှာရင်း ကမ်းပါး ပြိုကျလို့ သေဆုံးတာပါ။ မိုးအဆက်မပြတ် ရွာရင်လည်း ပြိုတတ်ပါတယ်ခင်ဗျာ” လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖားကန့်ဒေသမှာ မိုးရာသီရောက်တိုင်း ကျောက်စိမ်းလုပ်ကွက်ဟောင်း၊ မြေစာပုံနဲ့ ရွှေမျောကြောင်းမှာ မြေကမ်းပါး ပြိုကျမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ရေမဆေးသမားတွေ သေဆုံးတာ၊ ဒဏ်ရာ ရတာတွေ နှစ်စဉ်လိုလို ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် ၂၀၂၀ ခုနှစ်က ဖားကန့် ဝှေခါဒေသမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ဖူးပြီး ဖားကန့်ရဲ့ အဆိုးရွားဆုံး မြေပြိုမှုဖြစ်စဉ်တွေထဲကတစ်ခုအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။