နလန်ပြန်မထူနိုင်သေးတဲ့ မိုးမိတ်မြို့

စစ်ပွဲဒဏ် ၂ ကြိမ်သင့်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ ရှမ်းမြောက် မိုးမိတ်မြို့မှာ ၁ နှစ်နီးပါးကြာတဲ့အထိ ပြန်လည်ထူထောင်ရေးတွေ ပြန်မလုပ်နိုင်သေးပါဘူး။

မိုင်းကြောင့် လက်တစ်ဖက် ဆုံးရှုံးခဲ့သူ

မန္တလေးတိုင်း မိုးကုတ်မြို့နယ် ဖြူရောင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် မိုင်းမင်းရဲနော်ဟာ ခြံဝင်းရှင်းရင်း စစ်ကောင်စီတပ် ထောင်ထားတဲ့ ရှော့တိုက်မိုင်း ဆွဲမိပြီး လက်တစ်ဖက် ပြတ်ထွက်သွားခဲ့ပါတယ်။

လေကြောင်းဒဏ်သင့် မန်လီရွာ

မန်လီကျေးရွာဟာ သီပေါမြို့နဲ့ နမ္မတူမြို့ကြားမှာရှိတဲ့ ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ သုံးကြိမ်မြောက် ‌ဗုံးကြဲတာ ခံခဲ့ရတဲ့ကျေးရွာ ဖြစ်ပါတယ်။

မီးသွေးဈေး မကောင်းတာကြောင့် ထမင်းနပ်မှန်ဖို့ ရုန်းကန်နေရတဲ့ မီးသွေးလုပ်သူတွေ

တအာင်းတပ်မတော်- PSLF/ TNLA အပေါ် တရုတ်နိုင်ငံရဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် မီးသွေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ နမ့်ခမ်းနဲ့ မန်တုံမြို့နယ်က ဒေသခံတွေအပေါ် ဆိုးကျိုးများစွာ သက်ရောက်မှု ရှိနေပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု မရရှိကြတဲ့ မုံးခရွာခံတွေ

ဆေးရုံဆေးခန်းနဲ့ ဝေးလွန်းပြီး လူသူအရောက်အပေါက်နည်းတဲ့ တအာင်းဒေသ မန်တုံမြို့နယ်နဲ့ ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မုံးခရွာခံတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြပါဘူး။

ဝေးလံခေါင်ဖျားပြီး သောက်စရာဆေးတောင် မရှိတဲ့ ရွှေလီမြစ်ကမ်းဘေးက ကျိုင်းတောင်ရွာ

ဝေးလံခေါင်ဖျားလွန်းပြီး ဆေးရုံဆေးခန်းနဲ့ ဝေးတဲ့ ရွှေလီမြစ်ကမ်းဘေးရှိ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်အစပ် မန်တုံမြို့နယ် ကျိုင်းတောင်ရွာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကို ရွှေဖီမြေ သတင်းထောက်တွေက ကွင်းဆင်းပြီး သတင်းရယူခဲ့ပါတယ်။

ကျေးလက်ဒေသ ပညာရေး

အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေဟာ တိုက်ပွဲတွေကနေ အုပ်ချုပ်ရေးဘက်ကို ကူးပြောင်းလာတာနဲ့အမျှ ပညာရေးလိုမျိုး အရေးကြီးတဲ့ အများပြည်သူအတွက် ဝန်ဆောင်မှုတွေပေးဖို့ လိုအပ်လာပါတယ်။

ဓလေ့တွေကို တွန်းလှန်နေသူ အမျိုးသမီးများ

အမျိုးသမီးတွေဆိုရင် သီချင်း ဆိုတာနဲ့ က ရမယ်ဆိုတဲ့ ပုံစံခွက်ကနေ ရုန်းထွက်ပြီးတော့ အမျိုးသားတွေသာ တီးခတ်လေ့ရှိတဲ့ ကီးဘုတ်နဲ့ ဒရမ်ပိုင်းကို လေ့ကျင့်သင်ကြားနေကြတဲ့ အမျိုးသမီးလည်း ရှိနေပါတယ်။

တအာင်းအနုပညာ အကယ်ဒမီကျောင်း

မျိုးဆက်သစ် အနုပညာရှင်တွေ ပေါ်ထွက်လာဖို့အတွက် နမ့်ခမ်းမြို့နယ်တစ်နေရာမှာ ၃ နှစ်ကြာ သင်ကြားရမယ့် အနုပညာကျောင်း ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

လက်ပစ်ဗုံးကြောင့် မိဘနှစ်ပါး ဆုံးရှုံးခဲ့ရတဲ့ ကလေး

ဒီကလေးဟာ တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း ၂၃ တပ်စခန်းဟောင်းအနီးက ကုန်းစုံကျေးရွာမှာ နေထိုင်သူ ဖြစ်ပါတယ်။