ခင်ဦးမှာ စစ်ရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲလို့ အရပ်သား ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ညောင်ပင်ကြီးစုရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံးကြဲချတိုက်ခိုက်လို့ ဒေသခံ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

BNRA ခေါင်းဆောင် ဗိုလ်နဂါးက စစ်ကောင်စီထံ လက်နက်ချ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်- BNRA ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက စစ်ကောင်စီထံ လက်နက်ချပြီး အလင်းဝင်လာကြောင်း စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

ထားဝယ်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ GTC တပ်စခန်းနဲ့ စစ်ရေးဂိတ်တွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က ၂၀ ကျော်သေဆုံး၊ လက်နက်တချို့ကိုပါ သိမ်းဆည်းရမိတယ်လို့ ဆို

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ နည်းပညာတက္ကသိုလ် (GTC) တပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ ကျော်သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက မနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂၂) စစ်ကောင်စီ ဖွင့်လှစ်၊ ၂ နှစ်ကျော်အတွင်း စစ်ကောင်စီတပ် စစ်မှုထမ်းတပ်သား ၁ သိန်းကျော်ရရှိထား

စစ်ကောင်စီတပ်ဘက်က အတင်းအဓမ္မ စုဆောင်းတဲ့ တပ်သားတွေနဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂၂) ကို ဖွင့်လှစ်လိုက်ကြောင်း စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ရခိုင်ပြည် ကျောက်ဖြူမြိုနယ် ကျေးရွာတစ်ရွာကို ဦးတည်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပြီး ရွာခံ ၂ ဦး ပွဲချင်းသေဆုံး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မီးကျောင်းရေသောက်ကျေးရွာထဲကို စစ်ကောင်စီက ဂျက်ဖိုက်တာယာဉ်ကို အသုံးပြုပြီး ဗုံးကြဲချခဲ့တာကြောင့် ရွာခံ အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးဆီကနေ သိရပါတယ်။

ကျောက်မဲမှာ ရွေးကောက်ပွဲမတိုင်ခင် မှတ်ပုံတင်တွေကို အခမဲ့ လုပ်ပေးခဲ့ပေမယ့် အခုတော့ လဝကကို ငွေသိန်းချီ ပြန်ပေးရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ မှတ်ပုံတင်လုပ်ရင် လူဝင်မှုကြီးကြပ်ရေးဌာန(လဝက) ကို ငွေသိန်းချီပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သီပေါမှာ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး အမျိုးသမီးတစ်ဦး ထပ်မံဖမ်းဆီးခံရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ တော်လှန်ရေးတပ်တွေနဲ့ ဆပ်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူတွေ ဆက်ရှိနေတယ်လို့ သီပေါမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

SSPP နဲ့ MNDAA တို့ တွေ့ဆုံပြီး ဒေသတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ဆောင်ဖို့ နှစ်ဖက်တပ်တွေ သဘောတူ

တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ ကိုးကန့်တပ်မတော် MNDAA က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဌာနချုပ်ကို သွားရောက်ပြီး SSPP ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ MNDAA က မနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

နတ်တလင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် အရပ်သားနေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

ပဲခူးတိုင်း နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် အရပ်သားနေအိမ် ၁၀၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ နတ်စစ်သည်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်ကို ဆက်သွယ်ထားတဲ့ သံလွင်တံတား မိုင်းခွဲဖျက်ဆီးခံရ

စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်တွေအကြားတိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည် ဖားဆောင်းမြို့နယ်ရှိ သံလွင် (ဖားဆောင်း) တံတား မိုင်းခွဲဖျက်ဆီးခံရတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။