TNLA နဲ့ AA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ ဦး လက်နက်ချအလင်းဝင်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်

မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ တအာင်းတပ် – TNLA၊ ရခိုင်တပ် – AA နဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် – MDY PDF တို့ တပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၆ဦး ကျော် လက်နက်ချအလင်းဝင်ခဲ့ဆိုပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲသံတွေကြောင့် အီနိုင်းရွာခံ အများစု တိမ်းရှောင်နေကြ

ကိုးကန့်တပ် ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ် အီနိုင်းကျေးရွာမှာ ပေါက်ကွဲသံတွေ နှစ်ရက်ဆက်တိုက် ကြားနေကြရတာကြောင့် ရွာခံအများစုက စိုက်ပျိုးခြံထဲသို့ ခေတ္တရှောင်နေကြရကြောင်း ရွာခံအမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ညီနောင်မဟာမိတ် TNLAကို ထိုးစစ်ဆင်နေစဉ် MNDAA က စစ်ကောင်စီစစ်သုံ့ပန်း ၁၀၀ ကျော် ထပ်လွှတ်ပေး၊ ၅ လအတွင်း ပြန်လွှတ်ပေးတဲ့ စစ်သုံ့ပန်း ၁ ထောင်ကျော်ရှိလာ

ကိုးကန့်တပ် – MNDAA က ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီစစ်သုံ့ပန်း ၁၀၀ ကျော်ကို မနေ့ မတ်လ ၁၈ ရက်မှာ လားရှိုးထဲပြန်လည်လွှတ်ပေးခဲ့တယ်လို့ MNDAA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ရွှေဖီ​မြေကို ပြောပါတယ်။

ကိုးကန့်တပ်ရဲ့ ဒရုန်းဗုံးကြဲမှုနဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ကွတ်ခိုင်မှာ ကလေး ၁ ဦးအပါအဝင် ဒေသခံ အနည်းဆုံး ၈ ဦးသေဆုံးခဲ့ပြီး ကလေး ၄ ဦးအပါအဝင် ၇ ဦးဒဏ်ရာရ

ကွတ်ခိုင်တိုက်ပွဲအတွင်း ကိုးကန့်တပ်-MNDAA ရဲ့ ဒရုန်းဗုံးနဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ကလေး ၁ ဦးအပါအဝင် ဒေသခံအနည်းဆုံး ၈ ဦးသေဆုံးခဲ့ပြီး ကလေး ၄ ဦးအပါအဝင် ဒေသခံ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေစီက သိရပါတယ်။

တအာင်းတပ်နဲ့တိုက်ပွဲဖြစ်ရခြင်းရဲ့ နောက်ကွယ်မှာ တရုတ်မပါကြောင်း ကိုးကန့်က CDMတွေကို လိုက်လံစည်းရုံးနေ

ကိုးကန့်တပ်-MNDAAဟာ အခုရက်ပိုင်း တအာင်းတပ်-TNLAနဲ့ဖြစ်ပွါးနေတဲ့ တိုက်ပွဲရဲ့ နောက်ကွယ်မှာ တရုတ်မပါကြောင်း သူတို့ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်မှာ ဆက်လက်ပူးပေါင်းပါဝင်ကြဖို့ စည်းရုံးနေတယ်လို့ ကြုံခဲ့ရသူတွေက ရွှေဖီမြေကို ပြောပါတယ်။

TNLAနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကို အကုန်လာအပ်ဖို့ နမ့်ဖတ်ကာ နဲ့ ၁၀၅ မိုင် ပြည်‌ထောင်စုလမ်းမပေါ်ရှိ တအာင်းကျေးရွာတွေကို MNDAA လိုက်သတိပေးနေ၊ တအာင်းလူမျိုးတွေရဲ့ အိမ်ထောင်စုစာရင်းကိုလည်း လိုက်လံပြုစု

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာနဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင် ပြည်‌ထောင်စုလမ်းမပေါ်ရှိ တအာင်းရွာတွေကို ကိုးကန့်တပ်-MNDAA က တအာင်းတပ်-TNLA ယူနီဖောင်းနဲ့ သေနတ်တွေ အကုန်လာအပ်ဖို့ ကျေးရွာအုပ်ချုပ်‌ရေးမှူးတွေကို အစည်းအဝေးခေါ်ယူပြီး ပြောဆိုထားတာရှိခဲ့တယ်လို့‌ ဒေသခံအ‌မျိုးသားတစ်ဦးက ပြောပါတယ်။

မုံးကိုးမှာ သုံးရက်အတွင်း TNLA တပ်သား ၉ ဦးကို ကိုးကန့်တပ် ဖမ်းဆီးသွား၊ TNLA နဲ့ပတ်သက်တဲ့ မိသားစုဝင်အများစု တိမ်းရှောင်နေရ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် မုံးကိုးမြို့မှာ သုံးရက်အတွင်း တအာင်းတပ်မတော်ရဲ့ တပ်သား ၉ ဦးကို ကိုးကန့်တပ်က ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

နမ့်ဖတ်ကာမှာ KIA က ညပိုင်း အပြင်မထွက်ဖို့ ညွှန်ကြားထား

ကချင်တပ်မတော်- KIA ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ ညပိုင်း အပြင်မထွက်ဖို့ KIA က ညွှန်ကြားထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

နှစ်ဖက်တပ်အကြား အပစ်ရပ်နိုင်ဖို့ MNDAA နဲ့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်တွေ လောက်ကိုင်မြို့မှာ တွေ့ဆုံနေ

ညီနောင်မဟာမိတ်တပ်တွေဖြစ်တဲ့ တအာင်းတပ်မတော်- PSLF/TNLA နဲ့ ကိုးကန့်တပ်မတော်- MNDAA အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေ လောက်ကိုင်မြို့မှာ တွေ့ဆုံနေတယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်း-မူဆယ်ကြား စယ်လန့်ရွာမှာ ကိုးကန့်တပ် အင်အား ၃၀၀ကျော်ရောက်ရှိလာ၊ နမ့်ခမ်းကို ၂ဖက်ပိတ်ပြီး ဒီနေ့ည တိုက်နိုင်

နမ့်ခမ်း-မူဆယ်ကြားရှိ စယ်လန့်ကျေးရွာမှာ ကိုးကန့်ဝတ်စုံဝတ်ဆင်ထားတဲ့ ပူးပေါင်းတပ်အဖွဲ့တွေ ရောက်ရှိနေပြီး နမ့်ခမ်းကို ဒီနေ့ည ထိုးစစ်ဆင်မယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိထားပါတယ်။