မန္တလေးမြို့လယ်ခေါင် လုံခြုံရေးတင်းကြပ်ထားတဲ့ နေရာမှာ သားမိ ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဆိုင်ကယ်လုယက်ခံရ

မန္တလေးမြို့လယ်ခေါင်၊ ရဲနဲ့ပျူစောထီးတွေ အချိန်ပြည့် ကင်းလှည့်စစ်ဆေးလေ့ရှိတဲ့နေရာမှာ သေနတ်နဲ့ ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှုတစ်ခု ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်ပြည်သူ့တရားရုံးက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်ရဲ့ သားဖြစ်သူ ပယ်ရင်ချန်နဲ့ ၎င်းတို့ မိသားစုဝင် ၃ ဦးတို့ကို သေဒဏ်ကွပ်မျက်

စစ်ကောင်စီရဲ့ လက်ဝေခံ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ် လောက်ကိုင်ရဲ့ ကျားဖြန်ခေါင်းဆောင်လို့လည်း လူသိများတဲ့ ပယ်ဆောက်ချိန်ရဲ့ သားဖြစ်သူ ပယ်ရင်ချန် (Bai Yingcang) အပါအဝင် ၎င်းရဲ့ မိသားစုဝင်တွေဖြစ်ကြတဲ့ ဟူးရှောင်ချိန် (Hu Xiaojiang)၊ ယန်လီချိန် (Yang Liqiang)နဲ့ ချန်ဂွမ်းယီ (Chen Guangyi) တို့ကို တရုတ်က မနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ သေဒဏ်စီရင်ခဲ့တယ်လို့ တရုတ်ပြည်တွင်း သတင်းဌာနတွေက ဖော်ပြကြပါတယ်။

ပလာဆေဝ် ဂါင်အ်ုန်အီရေဲန်ဇီုင်းကာန်ခြီရ်နီန် ကတူႈအီစိုန် တောပ်ဟာဝ်း ခြီရ် 5 ဆာႇ

တိုအီးအရာပ်ကဲ အူအီးက္လာင်းတဖုင်ဆျှိုည်ဖီမျေဒါႈ ဒီႎီရ်ဘိူန်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲတ ထိင်ခြဲ ပကပီုန်ဆျှံမ်ကဒါႇပိူည် ခေဲင်ကီုင်းလာဆေဝ်နီန် ဂါင်အ်ုန်အီရေဲန်ဇီုင်းကာန်ခြီရ်နီန် ကတူႈအီစိုန် တောပ်ဟာဝ်း ခြီရ် 5 ဆာႇအောႏ။

ကျောက်မဲ – မန္တလေးသွားတဲ့ ကုန်တင်ကားတွေကို ဂိတ်ပေါင်း ၁၂ ခုကျော်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ၎င်းတို့ လက်အောက်ခံ ရဲတွေက ငွေအဆမတန်တောင်းနေပြီး အသွားအပြန် ၁၀ သိန်းထက်မနည်း ကုန်ကျ

ရှမ်းမြောက် ကျောက်မဲကနေ မန္တလေးကို ဒေသထွက်ကုန် တင်ပို့တဲ့ ကုန်တင်ကားတွေကို စစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့လက်အောက်ခံ ရဲတွေက ငွေအဆမတန်တောင်းနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မှာ စာသင်ကျောင်းပေါ် လက်နက်ကြီးကျလို့ ကလေးငယ် ၂ ဦး ဒဏ်ရာရ

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်ပြည် ဖားကန့်မြို့မှာ စာသင်ကျောင်းတစ်ခုပေါ် ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကျောင်းတက်နေတဲ့ ကလေးငယ် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွှေလုပ်‌ငန်း လုပ်ကိုင်တဲ့ လာရှိုးမြို့က အိမ်တစ်အိမ်မှာ ဓားပြတိုက်ခံရ၊ ရွှေ ၅ ပိဿာပါသွား

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လာရှိုးမြို့က ရွှေလုပ်ငန်း လုပ်ကိုင်တဲ့ နေအိမ်တစ်အိမ်မှာ ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာ ပါသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ထိန်းချုပ်ရာ ကာလိနယ်က ကျားဖြန်လုပ်ကိုင်သူ တရုတ်လူမျိုး ၅၂ ဦးကို စစ်ကောင်စီ ဝင်ဖမ်း

စစ်ကောင်စီရဲ့ လက်ဝေခံတပ်ဖြစ်တဲ့ ကာလိပြည်သူ့စစ်ထိန်းချုပ်ရာ ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲထဲက ကျားဖြန့် (အွန်လိုင်းငွေလိမ်လည်) ရုံရှိတဲ့ နေရာ ၄ ခုကို ဝင်ရောက်စီးနင်းပြီး တရုတ်နိုင်ငံသားအများအပြား ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်ကြောင့် ၅ နှစ်အတွင်း ကလေးအပါအဝင် အရပ်သား ၈ ထောင်နီးပါး သေဆုံးခဲ့တယ်လို့ AAPP ပြော

‎စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်းမှာ စစ်ကောင်စီတပ်ကြောင့် ကလေးအပါအဝင် အရပ်သား ၇,၇၃၈ ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာမှာ ၅ နှစ်အတွင်း ပဋိပက္ခနဲ့ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုပေါင်း ၁ ထောင်နီးပါး ဖြစ်ပွား

စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံက အမျိုးသမီးတွေက ပဋိပက္ခနဲ့ ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုပေါင်း ၉၆၃ အကြိမ်အထိ ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် WLB ရဲ့ စာရင်းအရ သိရပါတယ်။

ကလေးထောင်မှာ နွေဦးတော်လှန်ရေး ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဥ်းသားတွေက သွေးသစ္စာသီချင်းနဲ့ ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ကလေးမြို့က အကျဥ်းထောင်ထဲမှာ နိုင်ငံရေးအကျဥ်းသားတွေက ဦးဆောင်ပြီး နွေဦးတော်လှန်ရေး ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သွေးသစ္စာသီချင်းကို သီဆိုပြီး ဆန္ဒပြခဲ့ကြတယ်လို့ ကလေးဒေသခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။