Browsing Category
သတင်း
3808 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါး ဒဏ်ရာရရှိ
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁) အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင် ဆရာတော်တစ်ပါး ဒဏ်ရာရရှိပြီး နေအိမ်နဲ့ တိရစ္ဆာန်တွေ ထိမှန်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်မှာ လက်နက်ကြီး ထပ်မံကျရောက်ပေါက်ကွဲလို့ ၁၃ နှစ်အရွယ်ကလေးအပါအဝင် ၂ ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာရ
တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ လက်နက်ကြီး ထပ်မံကျရောက်ပေါက်ကွဲလို့ အသက် ၁၃ နှစ်အရွယ် ကလေးအပါအဝင် ၂ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
နမ့်ခမ်းက အမျိုးသမီးငယ်တစ်ဦးနဲ့ မူဆယ်က အမျိုးသားတစ်ဦး အလုပ်လုပ်ဖို့ သွားရာကနေ မိသားစုဝင်နဲ့ အဆက်အသွယ်ပျက်ပြီး ပျောက်ဆုံးနေ
ရှမ်းမြောက် တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့ကနေ တရုတ်ပြည် ရွှေလီမြို့ထဲကို အလုပ်လုပ်ဖို့သွားတဲ့ အမျိုးသမီးတစ်ဦးနဲ့ မူဆယ်ကနေ ကွတ်ခိုင်ဘက်ထွက်လာတဲ့ အမျိုးသားတစ်ဦး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရတာကြောင့် အဆက်အသွယ်ပြန်ရလိုကြောင်း မိသားစုဝင်တွေက ရွှေဖီမြေကို ပြောပါတယ်။
၁၀၅ မိုင်က စစ်ဆေးရေးဂိတ်မှာ ဗြုန်းတင်လာတဲ့ အမျိုးသားတစ်ဦး တင်ပို့ခွင့်စာအုပ် မရှိလို့ဆိုပြီး ရိုက်နှက်ခံရ
ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် (၁၀၅) မိုင်ရှိ စစ်ဆေးရေးဂိတ်မှာ ဗြုန်းတင်ဆောင်လာတဲ့ အမျိုးသားတစ်ဦးကို တင်ပို့ခွင့်စာအုပ် မရှိလို့ဆိုပြီး စစ်ဆေးရေးဂိတ်မှာ စောင့်နေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
MNDAA က ၄ လအတွင်း စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၈၀၀ ကျော်ကို ပြန်လွှတ်ပေး၊ ယခင်က ဖယ်ရှားပေးခဲ့တဲ့ လားရှိုးနဲ့ သီပေါကြားရှိ ဂိတ်တွေမှာ MNDAA ပြန်အထိုင်ချ
ကိုးကန့်တပ်မတော် – MNDAA က ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာလကနေ ဒီနှစ် ဇန်နဝါရီလအကုန်အထိ ၄ လအတွင်းမှာ ၎င်းတို့ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ့ စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးတာ ၄ ကြိမ်မြောက်ရှိပြီဖြစ်ပြီး စုစုပေါင်း စစ်သုံ့ပန်း ၈၃၄ ဦး ပြန်လည် လွှတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။
မြိုင်မြို့နယ်က ဘုန်းကြီးကျောင်းမှာ သိမ်းဆည်းထားတဲ့ ပြည်သူပိုင် ဆန်အိတ် ၄၀၀ ကျော်နဲ့ ပဲအိတ်တွေကို စစ်ကောင်စီတပ်ဖွဲ့က အဓမ္မ သိမ်းယူသွားပြီး သံဃာတော် ၂ ပါးကိုပါလည်း ရိုက်နှက်သွား
မကွေးတိုင်း မြိုင်မြို့နယ်က ဘုန်းကြီးကျောင်းမှာ သိမ်းဆည်းထားတဲ့ ပြည်သူပိုင် ဆန်အိတ် ၄၀၀ ကျော်နဲ့ ပဲအိတ်တွေကို စစ်ကောင်စီတပ်ဖွဲ့က အဓမ္မသိမ်းယူသွားတဲ့အပြင် သံဃာတော် ၂ ပါးကိုလည်း ရိုက်နှက်သွားခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်းက သတင်းထုတ်ပြန်လာပါတယ်။