ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချို တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံး အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေ

အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိုမြို့နယ် တိုက်ပွဲမှာ အဆိပ်ငွေ့ဗုံး အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

ဆိပ်ဖြူမြို့နယ် အိုင့်ကြီးရွာ လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် အိုင့်ကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အထဲ ၁ ဦးက အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

CC သိမ်းပိုက်ထားတဲ့ တွန်းဇံမြို့ကို ZRA က စစ်ကောင်စီ ထောက်ပံ့တဲ့ လက်နက်ခဲယမ်းနဲ့ တိုက်ခိုက်နေတယ်လို့ CNA ပြော

ချင်းလဲန်းကောင်စီ- CC ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် တွန်းဇံမြို့ကို ဇိုမီးတော်လှန်ရေးတပ်ဖွဲ့- ZRA က စစ်ကောင်စီထောက်ပံ့တဲ့ လက်နက်ခဲယမ်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားတပ်မတော်- CNA က ပြောပါတယ်။

မိုင်းယော်တိုက်နယ်က ဒေသခံအမျိုးသားတစ်ဦးကို ကိုးကန့်တပ် သေတဲ့အထိ ရိုက်နှက်ခဲ့

ရှမ်းမြောက် လားရှိုးခရိုင် မိုင်းယော်တိုက်နယ် နမ့်မောကျေးရွာအုပ်စု မိုင်းလင်းရွာက အမျိုးသားတစ်ဦးကို ကိုးကန့်တပ်မတော်- MNDAA က သေတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

တမူးမြို့က စစ်ဘေးရှောင် နေအိမ်တွေကို စစ်ကောင်စီနဲ့ ပျူစောထီးက ဖြိုပြီး ရောင်းချနေ

စစ်ကိုင်းတိုင်း တမူးမြို့က လူမနေတဲ့ စစ်ဘေးရှောင် နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးက ဖြိုပြီး ပရိဘောဂပစ္စည်းတွေကို ရောင်းချနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ် အိုင်ဒိုင်ရွာဘုန်းကြီးကျောင်းကို လေကြောင်းကနေ တိုက်ခိုက်၊ ဘုန်းကြီးတစ်ပါးနဲ့ လူ ၃ ဦး ဒဏ်ရာရ

မန္တလေးတိုင်း မတ္တရာမြို့နယ် အနောက်ခြမ်း အိုင်ဒိုင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါးနဲ့ လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေး ဝင်ရောက်လာပြီးနောက် လားရှိုးမှာရှိတဲ့ ပရဟိတအဖွဲ့တချို့ ခြိမ်းခြောက်ခံရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်မယ့် ရှမ်းမြောက် လားရှိုးမြို့မှာ ပရဟိတလုပ်ငန်း လုပ်နေတဲ့ အဖွဲ့တချို့ ခြိမ်းခြောက်ခံနေရတယ်လို့ ပရဟိတလုပ်ကိုင်နေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နေပြည်တော် လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအပါအဝင် ၃ ဦးဖမ်းမိခဲ့ကြောင်း PLA ​ပြော

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော် ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတစ်နေရာမှာ စစ်ဆေးရေး ပြုလုပ်နေစဥ် စစ်ကောင်စီတပ်ရဲ့ အမှတ်(၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၃)မှ ဗိုလ်မှူးအပါအဝင် ၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော်- PLA က ဒီနေ့ ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကန့်ဘလူမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခံရ၊ မိသားစုဝင် ၆ ဦး‌ သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် သင်တောကျေးရွာက ကိုးတောင်ဘို့တောင်ဘက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲချမှုကြောင့် မိသားဝင် ၆ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။