ဂန့်ဂေါနဲ့ ဒီပဲယင်းမှာ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သား ၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ
မကွေးတိုင်း ဂန့်ဂေါမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဖီမြေမှ စုံစမ်းသိရှိရပါတယ်။