စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကရင်နှစ်သစ်ကူးပွဲကို ဗုံးကြဲတိုက်ခိုက်တာဟာ ကရင်တစ်မျိုးသားလုံးကို စော်ကားတာလို့ KNU ပြော

မွန်ပြည်နယ် သထုံခရိုင်နဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ပြုလုပ်ခဲ့တဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး- KNU က မနေ့ ဒီဇင်ဘာ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လွိုင်ကော် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ၊ ဒီးမော့ဆို အနောက်ခြမ်းကိုလည်း ဗုံး ထပ်ကြဲ

တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ဆင်စခန်း စစ်ရှောင်စခန်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။