တော်လှန်ရေး အင်အားစု ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နဲ့ ကချင်ဘက်ပို့မယ့် စက်သုံးဆီ ဂါလံ ၆ သောင်းကျော်နဲ့ စက်သုံးဆီ ရောင်းချသူ ၁၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်ဘက် ပို့မယ့် စက်သုံးဆီ ဂါလံ ၆ သောင်းကျော်အပြင် စက်သုံးဆီ ရောင်းချသူ ၁၇ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။