ဆိုင်ကယ်နဲ့ ကင်းလှည့်ဖို့ ထွက်လာတဲ့ စစ်တပ်ကို PRF-Magway က ခြုံခိုတိုက်ခိုက်ရာ ၃ ဦး သေဆုံး
မကွေးတိုင်း ငဖဲမြို့နယ် မျှော်စင်ရွာ အနောက်ဘက် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းကနေ ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်ဖို့ ထွက်လာတဲ့ စစ်တပ်ကို PRF-Magway က ခြုံခိုတိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရခဲ့တယ်လို့ PRF-Magway မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။