စစ်သုံ့ပန်း ထားရှိရာသို့ လေကြောင်းနဲ့ တိုက်ခိုက်ရာ CNDF ရဲဘော်တစ်ဦးအပါအဝင် စစ်သုံ့ပန်း ၇ ဦး သေဆုံး

ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲက စစ်သုံ့ပန်း ထားရှိတဲ့ ခွန်းလုံရွာကို စစ်တပ်က MIG-29 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့- CNDF ရဲ့ ရဲတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၇ ဦး သေဆုံးခဲ့တယ်လို့ CNO/CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း တင်မီက ရွှေဖီမြေကို ပြောပါတယ်။

လွတ်လပ်ရေးနေ့မှာ နိုင်ကျဥ်း ၆၀၀ ကျော် လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီက ပြောပေမဲ့ မြေပြင်မှာ နိုင်ကျဥ်း ၃၀၀ ကျော်သာ လွတ်မြောက်

ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့မှာ နိုင်ငံရေးအကျဥ်းသား ၆၀၀ ကျော်ကို လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီကပြောပေမဲ့ မြေပြင်မှာ နိုင်ကျဥ်း ၃၀၀ ကျော်သာ လွတ်မြောက်တာ တွေ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ဒီနေ့ ဇန်နဝါရီ ၆ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

တီးတိန်မြို့မှာ ကလေးငယ်တွေ ဆော့ကစားနေရင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်၊ ကလေး ၃ ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ် တီးတိန်မြို့ မြို့မရပ်ကွက်မှာ မနေ့ ဇန်နဝါရီ ၅ ရက် နေ့လယ် ၂ နာရီခန့်က ကလေးငယ်တွေ ဆော့ကစားကြရင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားတာကြောင့် ကလေး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရှမ်းတောင်ကနေ ရှမ်းမြောက်ဘက်သွားမယ့် ကားတွေကို ဗထူးစစ်တပ်ဂိတ်မှာ ပိတ်ပင်ထားပြီး ညပိုင်းမှာ သိန်းဆယ်ချီ ပေးနိုင်သူကိုသာ ဖြတ်သန်းခွင့် ပေး

ရှမ်းတောင် ရပ်စောက်မြို့ကနေ ရှမ်းမြောက်ဘက်သွားမယ့် ကားတွေကို ဗထူးစစ်တပ်ဂိတ်မှာ ပိတ်ပင်ထား‌ပေမဲ့ ညပိုင်းမှာ သိန်းဆယ်ချီ ပေးနိုင်သူကိုသာ ဖြတ်သန်းခွင့် ပေးတယ်လို့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဝက်လက်မြို့နယ် အုန္နဲဘုတ်ရွာကိုစစ်ကြောင်း ထိုးနေလို့ ဒေသခံတွေညတွင်းချင်း ထွက်ပြေးရ၊ အရပ်သား ၄၀ ကျော်လည်း ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အုန္နဲဘုတ်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေတာကြောင့် ဘေးလွတ်ရာ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် လက်ပံချောင်းရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်လျှပ်စစ်ရုံးက စစ်ကောင်စီတပ်ကို PDF ဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေ

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာ လျှပ်စစ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေကို အတည်ပြု ပြောဆိုပါတယ်။

ကွတ်ခိုင်-တာမိုးညဲလမ်း ပြင်နေတာကြောင့် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထား

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နဲ့ ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ တာမိုးညဲမြို့သို့သွားတဲ့ လမ်းပိုင်း ပြုပြင်နေတာကြောင့် ဖြတ်သန်းသွားလာခွင့် ယာယီ ပိတ်ထားပါတယ်။

တအာင်းအနုပညာ အကယ်ဒမီကျောင်း ဒုတိယအသုတ် ဖွင့်လှစ်မယ်

တအာင်းဂီတနဲ့ရုပ်ရှင်အစည်းအရုံးနဲ့ တတ်သိပညာရှင်တို့ ပူးပေါင်းပြီး ဖွင့်လှစ်နေတဲ့ တအာင်းအနုပညာ အကယ်ဒမီကျောင်း- TAA ဒုတိယအသုတ် ထပ်မံ ဖွင့်လှစ်မှာဖြစ်ပြီး လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။

တောင်ငူ လေတပ်စခန်းကို BWM က ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်၊ အရာရှိအပါအဝင် ၇ ဦး သေဆုံးပြီး လေယာဉ် ၂ စီးလည်း ပျက်စီး

ပဲခူးတိုင်း တောင်ငူမြို့နယ်ရှိ တောင်ငူ လေတပ်စခန်းကို Brave Warriors for Myanmar- BWM က မနေ့ ဇန်နဝါရီ ၄ ရက် မနက်အစောပိုင်း ၁၂ နာရီကျော်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရဲ့ အရာရှိအပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး အရာရှိအပါအဝင် တပ်သား ၈ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။