မိုင်းကိုင် မောက်လျန်ရွာအနီး ပေါက်ကွဲမှု ဖြစ်တာကြောင့် ရွာခံ ၉ ဦးကို SSPP က ဖမ်းဆီးစစ်ဆေး၊ ၈ ဦးကို ပြန်လွှတ်ပေးပေမဲ့ တစ်ဦးကို ဖမ်းထားဆဲ

ရှမ်းတောင် မိုင်းကိုင်မြို့နယ် ပန်ကေတု‌ကျေးရွာအုပ်စု မောက်လျန်ရွာအနီး ပေါက်ကွဲမှုတစ်ခု ဖြစ်လို့ဆိုပြီး ရွာခံ ၉ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

မူဆယ်မြို့ထဲက ရပ်ကွက်တချို့မှာ ဧည့်စာရင်း အကြောင်းပြပြီး ငွေ ကောက်နေ

ရှမ်းမြောက် မူဆယ်မြို့ထဲက ရပ်ကွက်တချို့မှာ ဧည့်စာရင်း အကြောင်းပြပြီး ငွေ လိုက်‌ေကာက်တာတွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီတပ်က ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချခဲ့လို့ ထီစုံရွာက နေအိမ် ၂ လုံး မီးလောင်ပျက်စီး

ရှမ်းတောင် ဆီဆိုင်မြို့နယ် ထီစုံကျေးရွာထဲ စစ်ကောင်စီတပ်က ဒရုန်းနဲ့ မီးလောင်ဗုံး ကြဲချတိုက်ခိုက်လို့ နေအိမ် ၂ လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ပအိုဝ်းတပ်မတော်- PNLA က ဒီနေ့ ဇန်နဝါရီ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။

တောင်ကြီးမှာ တစ်ရက်ကို လျှပ်စစ်မီး မိနစ်ပိုင်းသာ ပေးနိုင်

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းတောင် တောင်ကြီးမြို့မှာ လျှပ်စစ်မီး ပြတ်တောက်နေပြီး တစ်ရက်ကို မိနစ်ပိုင်းသာ ပေးနိုင်တော့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

၄ လကျော်ကြာ ပြင်းထန်နေဆဲဖြစ်တဲ့ တောင်ခမ်းတိုက်ပွဲ

ရှမ်းမြောက် နောင်ချိုမြို့ကို ထိန်းချုပ်ထားတဲ့ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေဟာ နောင်ချိုမြို့နဲ့ မိုင် ၂၀ ခန့် ကွာဝေးတဲ့ စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်စခန်းတွေ တည်ရှိရာ တောင်ခမ်းကျေးရွာကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ၄ လကျော် ရှိနေပြီဖြစ်ပါတယ်။

တောင်ကြီးမှာ ညပိုင်း အပြင်ထွက်သူကို စစ်ကောင်စီတပ်က ပေါ်တာဆွဲပြီး စစ်သင်တန်း ပို့၊ တစ်လကျော်အတွင်း ဖမ်းဆီးခံရသူ ၂၀ ကျော် ရှိ

ရှမ်းတောင် တောင်ကြီးမြို့မှာ စစ်ကောင်စီတပ်က ညပိုင်းမှာ အပြင်ထွက်သူတွေကို ပေါ်တာဆွဲပြီး စစ်သင်တန်းသို့ ပို့ဆောင်တာတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

ဝက်လက်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အုန္နဲဘုတ်ရွာဘက် စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၀ ကျော် သေဆုံးခဲ့တဲ့အပြင် ၃ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်းက မနေ့ ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကျောက်ဂူမှာ စစ်ကောင်စီတပ်နဲ့ DPLA တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်

ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူမှာ ဓနု တပ်မတော်- DPLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှု ပြုလုပ်နေတယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။

အမ်းမှာ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်၊ စစ်သုံ့ပန်း ၁၁ ဦး အရှင်ဖမ်းမိ

အာရက္ခတပ်တော်- AA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)တည်ရှိရာ အမ်းမြို့နယ်ကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ကာကွယ်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာ စစ်သုံ့ပန်း ၁၁ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

မိုးကုတ်မှာ တော်လှန်ရေးတပ်ဖွဲ့ရဲ့ နာမည်နဲ့ ငွေ​ လိုက်လိမ်နေသူ ၉ ဦးကို ဖမ်းဆီးပြီး TNLA ထံ အပ်နှံခဲ့တဲ့ NSSAA တပ်ဖွဲ့ဝင် ၄ ဦးကို TNLA က ဖမ်းဆီးထား၊ တပ်ရင်းနဲ့ အဆက်အသွယ် ပြတ်တောက်နေ

မန္တလေးတိုင်း မိုးကုတ်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နာမည်နဲ့ ငွေ​ လိုက်လိမ်နေသူ ၉ ဦးကို ဖမ်းဆီးပြီး တအာင်းတပ်- TNLA ထံ အပ်နှံခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း- NSSAA တပ်ဖွဲ့ဝင် ၄ ဦးကို TNLA က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။