စစ်ကောင်စီတပ်ဟာ သမိုင်းတွင်တဲ့ ရှုံးနိမ့်မှုနဲ့ ဆက်တိုက် ကြုံတွေ့နေရတယ်လို့ TNLA ပြော၊ တော်လှန်ရေးကို အရှိန်မြှင့်ဖို့ အချိန်အခါကောင်း ဖြစ်တယ်လို့ဆို

ဖိအားအမျိုးမျိုးကြားကနေ ရုန်းကန်နိုးထကြရတဲ့ တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံတဝန်းက ဒေသအသီးသီးမှာ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပြီး စစ်တပ်ဟာလည်း သမိုင်းတွင်တဲ့ ရှုံးနိမ့်မှု ဆက်တိုက် ကြုံနေရတယ်လို့ တအာင်းတပ်- TNLA က ပြောပါတယ်။

လွိုင်လင်လေးမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး လသားကလေးအပါအဝင် ၂ ဦး အပြင်းအထန် ဒဏ်ရာရ

ကရင်နီပြည် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့ အိုင်စန့်ရွာက လသားကလေးအပါအဝင် ၂ ဦးဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရပြီး နောက်ထပ် ၂ ဦးလည်း အပြင်းအထန်ဒဏ်ရာ ရခဲ့ပါတယ်။

အောင်ပန်းမြို့ ရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်နဲ့ အချုပ်သား ၁၀ ဦး သေနတ် ယူဆောင်ပြီး ထွက်ပြေး

ရှမ်းတောင် ကလောမြို့နယ် အောင်ပန်းမြို့ ရဲစခန်းကနေ ရဲတပ်ဖွဲ့ဝင်နဲ့ အချုပ်သား ၁၀ ဦး သေနတ် ယူပြီး ရဲစခန်းကနေ ထွက်ပြေးသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

တန့်ယန်းက ကိုရင်တစ်ပါး ကားပေါ်ကနေ ပြုတ်ကျပြီး ဆေးကုသဖို့အတွက် အကူအညီ လိုအပ်နေ

ရှမ်းမြောက် တန့်ယန်းမြို့နယ် နားဟုတ်အုပ်စု လွယ်ပန်ရွာမှာ ကိုရင်လေးတစ်ပါး ကားပေါ်ကနေ ပြုတ်ကျပြီး ဆေးကုသဖို့အတွက် အကူအညီ လိုအပ်နေတယ်လို့ ‌ကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

နမ့်ဆန်မြို့မှာ ရေမီတာဒိုင်ခွက် အသစ်လဲပေး‌ခ ၅ သောင်းအထိ ပေးနေရ၊ ရေအသုံးပြုခလည်း တစ်ယူနစ်ကို ၃၀၀ နဲ့ ၅၀၀ ကြား ပေးနေရ

တအာင်းဒေသ နမ့်ဆန်မြို့ပေါ်က ရပ်ကွက်တချို့မှာ ရေမီတာဒိုင်ခွက်အသစ် လဲပေးနေပြီး လဲခကို ၅ သောင်းအထိ ပေးဆောင်‌နေရသလို ရေ အသုံးပြုခလည်း တစ်ယူနစ်ကို ကျပ် ၃၀၀ ကနေ ၅၀၀ အထိ လူထုတွေက ပေးနေရတယ်လို့ အမည်မဖော်လိုသူ မြို့ခံအမျိုးသမီးက ရွှေဖီမြေကို ပြောပါတယ်။

မံစီက စစ်ကောင်စီ တပ်စခန်း ၃ ခုကို တစ်ချိန်တည်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ညမှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ ဖားကန့် ဘွမ်နန်ရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ဒေသခံတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ အခြေစိုက် စစ်ကောင်စီ တပ်စခန်း ၃ ခုကို တစ်ချိန်တည်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မနေ့ ဇန်နဝါရီ ၈ ရက် ညမှာ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဖားကန့်မြို့နယ် ဘွမ်နန်ရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရမ်းဗြဲမြို့နယ် ကျော်နီမော်ရွာက လူအစုလိုက် အပြုံလိုက် သေဆုံးစေခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာလို့ AA ပြော

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျော်နီမော်ရွာက လူအစုလိုက် အပြုံလိုက် သေဆုံးစေခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်လို့ AA ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက ရွှေဖီမြေကို ပြောပါတယ်။

ဆီဆိုင်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းတောင် ဆီဆိုင်မြို့မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်‌တာကြောင့် ဒေသခံတွေက တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သီပေါမှာ ဓားပြတိုက်မှုနဲ့ အဓမ္မ ပြုကျင့်မှု ကျူးလွန်ခဲ့သူ ၃ ဦးကို TNLA ဖမ်းမိ

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့နယ်မှာ အဓမ္မပြုကျင့်မှုနဲ့ ဓားပြတိုက်မှု ကျူးလွန်ခဲ့သူ ၇ ဦးထဲက အမျိုးသား ၃ ဦးကို ဖမ်းမိခဲ့ကြောင်း TNLA က မနေ့ ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရမ်းဗြဲမြို့နယ်မှာ လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊ လူ ၄၀ ကျော် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူ ၄၀ ကျော် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။