တူမီးသေနတ်နဲ့ စတင်ခဲ့တဲ့ ချင်းဒေသရဲ့ တော်လှန်ရေး

ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်ကြား လမ်းမကြီးပေါ်ရှိ ရှေ့တန်း စစ်မျက်နှာပြင်က CDF ပူးပေါင်းတပ်တွေရဲ့ မြင်ကွင်းပုံရိပ်ကို ရွှေဖီမြေရဲ့ သတင်းသမားက အဲဒီဒေသအထိ ကွင်းဆင်းပြီး မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။

TLEC ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းရဲ့ စုံညီပွဲတော်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့နယ်ထဲက စာသင်ကျောင်းတစ်ခုမှာ တအာင်းပြည် ပညာရေးကောင်စီ- TLEC ဖွင့်လှစ်ထားတဲ့ ကျောင်းမှာ စုံညီပွဲတော်ကို ဒီနေ့ ဇန်နဝါရီ ၁၀ ရက် မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပခဲ့ပါတယ်။

တီးတိန်မြို့ရှိ ရဲတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်

ချင်းပြည်နယ် တီးတိန်မြို့ရှိ ရဲတပ်ဖွဲ့ ၂၆ တပ်ရင်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ချင်းပြည် ကာကွယ်ရေးတပ်ဖွဲ့- CDF CDM SIYIN က ဒီနေ့ ဇန်နဝါရီ ၁၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

မူဆယ်မှာ ကားနဲ့ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်၊ ကလေး ၂ ဦး သေဆုံး

ရှမ်းမြောက် မူဆယ်မြို့မှာ ကားနဲ့ဆိုင်ကယ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကလေး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည် ရဲတပ်ဖွဲ့က တစ်နှစ်တာအတွင်း မူးယစ်ဆေးဝါးအမှု ၇၅ မှုအထိ ဖမ်းဆီးရမိ

ကရင်နီပြည်မှာ ပြီးခဲ့တဲ့ ၂၀၂၄ တစ်နှစ်တာအတွင်း ရာဇဝတ်မှု ၁၄၉ မှုအထိ ဖမ်းဆီးရမိတဲ့အထဲ မူးယစ်ဆေးဝါးအမှု ၇၅ မှုနဲ့ အများဆုံး ဖြစ်တယ်လို့ ကရင်နီပြည် ရဲတပ်ဖွဲ့- KSP ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်မှုထမ်းဖို့အတွက် SSPP က ကျေးသီးမြို့နယ်ထဲ အိမ်ထောင်စုစာရင်း ကောက်ခံ

ရှမ်းတောင် ကျေးသီးမြို့မှာ စစ်မှုထမ်းဖို့အတွက် ရှမ်းပြည်တပ်မတော်- SSPP/SSA က အိမ်ထောင်စုစာရင်း လိုက်လံ ကောက်ခံနေပါတယ်။

မိုင်းကိုင် ပန်ကေတုရွာက အမျိုးသားတစ်ဦးကို SSPP ပစ်ခတ်လို့ သေဆုံး

ရှမ်းတောင် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာက အသက် ၄၂ နှစ်ဝန်းကျင်အရွယ် ခတ္တိယျဆိုသူကို ရှမ်းပြည်တပ်မတော်- SSPP/SSA က ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

မူဆယ်မှာ ဆိုင်ကယ်ဘက်ထရီ ပေါက်ကွဲပြီး မီးလောင်မှုဖြစ်

ရှမ်းမြောက် မူဆယ်မြို့မှာ ဆိုင်ကယ်ဘက်ထရီ ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

အပတ်စဉ်သတင်း တင်ဆက်မှု

အပတ်စဉ် သောကြာနေ့ရောက်တိုင်း တင်ဆက်ပေးနေကြ ရွှေဖီမြေရဲ့ ရုပ်သံသတင်းကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ပတ် တအာင်းဒေသနဲ့ ရှမ်းပြည်တစ်ခွင်က ထူးခြားတဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။

မန္တလေးက ယာဥ်ထိန်းရဲအိမ်ယာ မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းက ယာဥ်ထိန်းရဲ ဝန်ထမ်းအိမ်ယာတစ်ခု ဒီနေ့ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။