၆၂ နှစ်ပြည့် တအာင်းတော်လှန်ရေးနေ့ သို့မဟုတ် တအာင်းပြည်နယ် ရရှိရေး နီးစပ်နေပြီလား

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ လက်နက်ကိုင် တော်လှန်ရေးတပ်တွေ ထပ်မံ ပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်ကို တော်လှန်ခဲ့ကြပါတယ်။

တအာင်းဒေသက ပညာရေး စုံညီပွဲတော်

နမ္မတူမြို့နယ်ထဲက စာသင်ကျောင်းတစ်ခုမှာ မနေ့ ဇန်နဝါရီ ၁၀ ရက်က ကျင်းပခဲ့တဲ့ ပညာရေး စုံညီပွဲတော်ရဲ့ မြင်ကွင်းဘဲ ဖြစ်ပါတယ်။

မန္တလေးမှာ လျှပ်စစ်မီး မိနစ်ပိုင်းသာ ရရှိနေ

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်မှာ လျှပ်စစ်မီး ရရှိမှုက တစ်ရက်ကို ပျမ်းမျှ တစ်နာရီအောက်သာ ရနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က ဖမ်းဆီးမှာကို စိုးရိမ်တာကြောင့် ၁၃ မျဉ်း‌စောင်း မဟုတ်တဲ့ တခြားဒေသက လူထုတွေ ကွင်းလမ်းကနေ ပတ်သွားရလို့ ကားခ ပိုပေးနေရ

ရှမ်းတောင် တောင်ကြီးကနေ ရှမ်းမြောက် လားရှိုးဘက် လာမယ့်သူတွေထဲက ၁၃ မျဉ်း‌စောင်း မဟုတ်တဲ့ တခြားဒေသက လူထုတွေဟာ စစ်တပ်က ဖမ်းဆီးမှာကို စိုးရိမ်တာကြောင့် ကွင်းလမ်းကနေ ပတ်သွားရလို့ ကားခ ပိုပေးနေကြရပါတယ်။

ကျောက်မဲမှာ မူးယစ်ဆေးဝါး သုံးစွဲသူ ၁၃၁ ဦးကို TNLA ပြန်လွှတ်ပေး

တအာင်းတပ်မတော်- TNLA ထိန်းချုပ်တဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ မူးယစ်ဆေးဝါး သုံးစွဲသူ ၁၃၁ ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်က ပြန်လွှတ်ပေးလိုက်တယ်လို့ TNLA က ဒီနေ့ ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

ကချင်မှာ စစ်စခန်းတွေ ဆက်တိုက် လက်လွှတ်ဆုံးရှုံးရပြီးနောက် သဘာဝ သယံဇာတကို မျှတစွာ ခွဲဝေအသုံးချဖို့ မူဘောင် ချမှတ်ဖို့လိုကြောင်း စစ်ကောင်စီခေါင်းဆောင်ပြော

စစ်ကောင်စီခေါင်းဆောင် ဗိုလ်မှူးကြီး မင်းအောင်လှိုင်ဟာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ကချင်ပြည်နယ်ရှိ နေရာအများစုကို သိမ်းပိုက်ပြီးနောက် သဘာဝ သယံဇာတကို မျှတစွာ ခွဲဝေအသုံးချဖို့ မူဘောင် ချမှတ်ဖို့လိုကြောင်း မနေ့ ဇန်နဝါရီ ၁၀ ရက်မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် ကချင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုထားပါတယ်။

လိင်အလုပ်သမအဖြစ် လူကုန်ကူးခံရပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ အမျိုးသမီးငယ်

စစ်ပွဲ ပဋိပက္ခရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဟာ ကုန်ဈေးနှုန်း အဆမတန် မြှင့်တက်လာတာနဲ့ အလုပ်အကိုင် ရှားပါးမှုကြောင့် နယ်စပ်ဒေသမှာ အလုပ် ရဖို့အတွက် ကြိုးစားရင်း လူကုန်ကူးခံရတဲ့ အမျိုးသမီးငယ်တွေ များလာပါတယ်။

ဘန့်‌ဘွေး-အင်ဝိုင်းကြား ဖွင့်ထားတဲ့ စစ်တပ်ဂိတ် ၃ ဂိတ်ကို ဗျူဟာမှူးကိုယ်တိုင် ဦးစီးပြီး ကြံကားတစ်စီးကို တစ်သိန်းခန့် တောင်း

ရှမ်းမြောက် နောင်ချိုမြို့နယ်နဲ့ ပြင်ဦးလွင်ကြားရှိ ဘန့်ဘွေး-အင်ဝိုင်းရွာကြားမှာ စစ်တပ်က ဂိတ် ၃ ဂိတ်ဖွင့်ပြီး ဗျူဟာမှူးကိုယ်တိုင် ဦးစီးပြီးတော့ ကြံကားတစ်စီးကို ငွေ ၁ သိန်းနီးပါး တောင်းနေပါတယ်။

တအာင်းအလံ မလွှင့်ထူရင် အရေးယူမယ်ဆိုတာ မဟုတ်ဘဲ တအာင်းမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေ အလံ လွှင့်ထူစရာမလိုကြောင်း မြို့နယ်မှူးပြော

တအာင်းတပ်မတော်- PSLF/TNLA တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်နေတဲ့ နမ္မတူမြို့မှာ တအာင်းအလံ မလွှင့်ထူရင် ဒဏ်ငွေ ရိုက်ကာ အရေးယူမယ်ဆိုတာ မဟုတ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကျောက်တော်မြို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦးနဲ့အထက် သေဆုံး

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦးနဲ့အထက် သေဆုံးပြီး ဒဏ်ရာ ရသူလည်း များတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။