တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို လေယာဉ်နဲ့ ဗုံးကြဲ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဖားကန့် လုံးခင်းမှာ တိုက်ပွဲမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးသူ များ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းတောင်ရှိ မြို့နယ် ၇ ခုမှာ တစ်နှစ်အတွင်း လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှု ၅,၆၀၀ ကျော် ပြုလုပ်၊ အရပ်သား ၁၂၀ ကျော် သေဆုံး

ရှမ်းတောင်မှာ ပအိုဝ်းလူမျိုးတွေ အများစုနေထိုင်တဲ့ မြို့နယ် ၇ ခုထဲ ၁ နှစ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှု ၅,၆၀၀ ကျော် ပြုလုပ်ခဲ့ရာ အရပ်သား ၁၂၇ ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး- PYO ရဲ့ စာရင်းအရ သိရပါတယ်။

မူဆယ်မှာ အမျိုးသမီးတစ်ဦး ပျောက်ဆုံးပြီး ၄ ရက်အကြာမှာ အလောင်းသာ ပြန်တွေ့

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ အမျိုးသမီးတစ်ဦး ပျောက်ဆုံးပြီး ၄ ရက်အကြာမှာတော့ သေဆုံးနေတဲ့ အလောင်းကိုသာ ပြန်လည် တွေ့ရှိခဲ့ပါတယ်။

မတ္တရာမြို့နယ်က လူမရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက သိန်းရာချီ တောင်းပြီး လေလံ တင်၊ ပစ္စည်းတွေ အကုန်ယူပြီး နေအိမ် မီးရှို့

မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်က သိန်း ရာနဲ့ချီ တောင်းယူပြီး ပျူစောထီးတွေကိုလေလံတင် ရောင်းချနေတယ်လို့ ဒေသခံနဲ့ တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ရပ်စောက် တိုက်ပွဲအတွင်း လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုလာလို့ ဒေသခံ ၄ ထောင်နီးပါး တိမ်းရှောင်နေရ

ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ ဇန်နဝါရီ ၁၀ ရက် ၁၁ ရက် နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

တနိုင်းမြို့နယ် စံလွန် ရွှေမှော်ကို လေယာဉ်နဲ့ ဗုံးကြဲလို့ ၁ နှစ်အရွယ် ကလေးအပါအဝင် ၁၅ ဦး သေဆုံး

ကချင်ပြည်နယ် တနိုင်းမြို့နယ်က စံလွန်(သံလွင်) ရွှေမှော်ကို လေယာဉ်နဲ့ ဗုံးကြဲလို့ အသက် ၁ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား သေဆုံးမှု များပြီး ဒဏ်ရာ ရသူလည်း ရှိခဲ့ပါတယ်။

တိုက်ပွဲမဖြစ်ဘဲ ဆီဆိုင်မြို့နယ်ကို ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ (Edit- 7:25 PM)

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဆီဆိုင်မြို့နယ်ထဲ ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးပြီး တစ်ဦးက ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

တအာင်းတပ်က အကျဉ်းသား ၅၅ ဦး လွှတ်ငြိမ်းခွင့် ပေးပြီး ၅၄ ဦးကို ပြစ်ဒဏ် လျှော့ပေါ့ပေး

တအာင်းတပ်မတော်- PSLF/TNLA က အကျဉ်းသား ၅၅ ဦးကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ၅၄ ဦးကိုတော့ ပြစ်ဒဏ် လျှော့ပေါ့ပေးခဲ့ကြောင်း PSLF/TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်လာပါတယ်။

တော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်းပြီး စစ်တပ်ကို အပြီးတိုင် ချေမှုန်းတော်လှန်မယ်လို့ TNLA ပြော၊ ၆၂ နှစ်ပြည့် တအာင်းတော်လှန်ရေးနေ့အတွက် AA, MNDAA အပြင် တော်လှန်ရေး အင်အားစုတွေ သဝဏ်လွှာ ပေးပို့

ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၂ နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ တအာင်းတပ်မတော်- PSLF/TNLA အနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်ဆိုပြီး ထုတ်ပြန်လာပါတယ်။