ဆီဆိုင်မှာ PNLA တပ်သား ၅ ဦးကို PNO က ဖမ်းဆီးသတ်ဖြတ်

ရှမ်းတောင် ဆီဆိုင်မြို့နယ်မှာ ပအိုဝ်းတပ်မတော်- PNLA ရဲ့ တပ်သား ၅ ဦးကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ PNLA က ဒီနေ့ ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဘော်လခဲမှာ စစ်ကောင်စီတပ် ယာဉ်တန်း မိုင်းဆွဲခံရပြီး ၁၀ ဦး သေဆုံး

ကရင်နီပြည် ဘော်လခဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

တောင်ခမ်းရှိ စစ်တပ်စခန်းကို TNLA က ဝိုင်းရံပိတ်ဆို့ထား၊ စစ်ကောင်စီတပ်က လေကြောင်း အသုံးပြုပြီး လက်နက်ခဲယမ်း ပို့ဆောင်နေ

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်းတွေကို တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားပြီး စစ်တပ်က လေကြောင်း အသုံးပြုပြီးတော့ လက်နက်ခဲယမ်း ပို့ဆောင်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကားပေါ်ကနေ ပြုတ်ကျတဲ့ တန့်ယန်းက ကိုရင်လေး ပျံလွန်‌တော်မူ

ကားပေါ်ကနေ ပြုတ်ကျပြီး ဒဏ်ရာ အပြင်းအထန် ရခဲ့တဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု လွယ်ပန်ရွာမှ ကိုရင်လေး ပျံလွန်‌တော်မူသွားပါတယ်။

ဖားကန့် စွန့်ပစ်မြေစာပုံ နွံကန် ပေါက်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၄ ဦးအပါအဝင် သေဆုံးသူ ၁၂ ဦးအထိ ရှိလာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် စပေါ့ကျေးရွာ ရတနာအဓိပတိ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ နွံကန် ပေါက်မှုကြောင့် ကလေးငယ် ၄ ဦးအပါအဝင် သေဆုံးသူ ၁၂ ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုးကန့်ဒေသမှာ တိုက်ပွဲအတွင်း ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့တဲ့ လူထုတွေကို ခြေတု လက်တု အခမဲ့ တပ်ဆင်ပေးသွားမယ်

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ကိုးကန့်ဒေသမှာ တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့တဲ့ လူထုတွေကို ခြေတု လက်တု အခမဲ့ တပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်မယားအဖြစ် လူကုန်ကူးခံရတဲ့ အမျိုးသမီးအရေအတွက် ၃ ဆခန့် များလာ

မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူကုန်ကူးခံရတဲ့ အမျိုးသမီး အရေအတွက် ၃ ဆခန့်် များလာတယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ပြောပါတယ်။

မိုင်းကိုင်မှာ SSPP က တပ်သားသစ် တစ်ရွာတစ်ဦးနှုန်း ကောက်ရာကနေ တစ်အိမ်တစ်ယောက် ပြောင်းလဲ ကောက်ခံလာ

ရှမ်းတောင် မိုင်းကိုင်မြို့နယ်မှာ တပ်သားသစ် တစ်ရွာတစ်ဦးနှုန်း ကောက်ခံနေတဲ့ ရှမ်းပြည်တပ်မတော်- SSPP/SSA က တစ်အိမ်တစ်ယောက်နှုန်း ပြောင်းလဲ ကောက်ခံနေတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်မြို့မှာ ဓားပြတိုက်မှု ထပ်ဖြစ်၊ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ထဲက နေအိမ်တစ်ခုမှာ ဓားပြတိုက်မှု ထပ်မံ ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မြင်းခြံ-တောင်သာ လမ်းပိုင်းမှာ အင်အား ၁၀၀ နီးပါးရှိ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂၀ ဦး သေဆုံး

မန္တလေးတိုင်း မြင်းခြံနဲ့ တောင်သာမြို့နယ်ကြားမှာ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းကို PDF တွေ ကြားဖြတ်တိုက်ခိုက်ရာ ၂၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။