ချောက်မြို့နယ် လင်းတကိုင်းတိုက်နယ်ထဲ စစ်တပ် ဝင်ရောက်စီးနင်း၊ ဒေသခံတွေရဲ့ သိန်း ၇၀၀ ခန့် တန်ဖိုးရှိ ငွေနဲ့ပစ္စည်း လုယက်ပြီး နေအိမ် ၃ လုံး မီးရှို့ဖျက်ဆီး

မကွေးတိုင်း ချောက်မြို့နယ် လင်းတကိုင်းတိုက်နယ်ထဲ စစ်တပ်က ဝင်ရောက် စီးနင်းပြီး သိန်း ၇၀၀ ခန့် တန်ဖိုးရှိတဲ့ ဒေသခံတွေရဲ့ ငွေကြေးနဲ့ပစ္စည်း လုယက်သွားပြီးတော့ နေအိမ် ၃ အိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဖားကန့်မြေစာပုံ နွံကန် ပေါက်ထွက်မှုမှာ သေဆုံးသူ ၃၁ ဦးအထိ ရှိလာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ရွာအနီးက ရတနာအဓိပတိ ကျောက်လုပ်ကွက် မြေစာပုံနွံကန် ပွင့်ထွက်မှုကြောင့် သေဆုံးသူ ၃၁ ဦးအထိ ရှိလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာအခြေစိုက် နမခ ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရမှုမှာ ဗိုလ်ကြီးအပါအဝင် ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကို ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခံခဲ့ရလို့ ဗိုလ်ကြီးအပါအဝင် ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို တပ်ကြပ်ကြီးအပါအဝင် ၃ ဦးလည်း ဒဏ်ရာ ရခဲ့တယ်လို့ Brave Warriors for Myanmar- BWM က ပြောပါတယ်။

ဆီဆိုင်မြို့နယ် နောင်ထောဝ်ရွာကို လေယာဉ်နဲ့ ဗုံးကြဲ

ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် နောင်ထောဝ်ရွာထဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

လားရှိုးမှာ ပြန်ပေးဆွဲမှုဖြစ်၊ ပြန်ပေးဆွဲသူ ၃ ဦးကို MNDAA က ပစ်ခတ်ဖမ်းဆီး

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပြီး ပြန်ပေးဆွဲသူ ၃ ဦးကို ကိုးကန့်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

တန့်ယန်းမှာ ကျားဖျန် လုပ်ကိုင်သူ အယောက် ၅၀၀ ထပ်ရောက်

ရှမ်းမြောက် တန့်ယန်းမြို့နယ်ထဲ ကျားဖျန် လုပ်ကိုင်သူ အယောက် ၅၀၀ ထပ်ရောက်လာကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြင်ဦးလွင်မှာ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ရောက်နေတာကြောင့် လုံခြုံရေး ပုံမှန်ထက် တင်းကြပ်၊ လူငယ်တချို့ ဖမ်းဆီးခံရ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စစ်‌ကောင်စီတပ်မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလို့ ယူဆရသူ ရောက်နေတာကြောင့် မြို့လုံခြုံရေး ပုံမှန်ထက် တင်းကြပ်ထားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လွိုင်ကော်မြို့သို့ ဒုစစ်ခေါင်းဆောင် ရောက်နေချိန် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

ကရင်နီပြည်နေ့ အခမ်းအနား တက်ရောက်ဖို့ လွိုင်ကော်မြို့သို့ ရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်မှူးကြီး စိုးဝင်း ရှိတဲ့နေရာကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တဲ့ Brave Warriors for Myanmar- BWM ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချို ကုန်းစုံရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် ကုန်းစုံရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အရာတော်ဘက် စစ်ကူ သွားတဲ့ စစ်‌ယာဉ်တန်းကို မုံရွာခရိုင် ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ ၁၆ ဦး သေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အခြေစိုက်တဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ အရာတော်မြို့ဘက် စစ်အင်အားဖြည့်ဖို့ သွားတဲ့ စစ်ယာဥ်တန်းနဲ့ စစ်ကြောင်းကို မုံရွာ-အရာတော် လမ်းပိုင်းတစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၆ ဦး သေဆုံးခဲ့ပါတယ်။