တန့်ယန်းမှာ မိသားစုပြဿနာ ဖြစ်ရာကနေ ဦးလေးဖြစ်သူက တူလေးကို သေနတ်နဲ့ ပစ်ခတ်လို့ ဒဏ်ရာရ

ရှမ်းမြောက် တန့်ယန်းမြို့မှာ မိသားစု ပြဿနာ ဖြစ်ရာကနေ ဦးလေးဖြစ်သူက တူလေးကို သေနတ်နဲ့ ပစ်ခတ်လို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တန့်ယန်းမြို့မှာရှိတဲ့ Bar က ပတ်ဝန်းကျင်အတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ မြို့ခံတွေ ပြောဆိုနေ၊ အသံလုံခန်းအဖြစ် ပြင်ဆင်မယ်လို့ ဘား တာဝန်ရှိသူ ပြော

ရှမ်းမြောက် တန့်ယန်းမြို့မှာရှိတဲ့ Tangyan Bar က ဘေးပတ်ဝန်းကျင်အတွက် အနှောင့်အယှက် ဖြစ်စေတာကြောင့် ဘားကို အသံလုံအခန်းအဖြစ် ပြင်ဆင်နေကြောင်း ဘား တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လားရှိုးမြို့ရှိ မဟာဗောဓာရုံကျောင်းတိုက်အတွင်းက ဓမ္မာရုံတစ်ခု မီးလောင်မှုဖြစ်

ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၄)ရှိ မဟာဗောဓာရုံ ကျောင်းတိုက်အတွင်းက ဓမ္မာရုံတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ရေစကြိုမြို့နယ် သာဂေါင်ရွာ လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊ ဒေသခံ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း ရေစကြိုမြို့နယ် သာဂေါင်ကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ရာ ဒေသခံ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ခမ်းပတ်မြို့နဲ့ ကာနန်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးတစ်ဦးအပါအဝင် ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း ခမ်းပတ်မြို့နဲ့ ကာနန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် ၅ ဦး သေဆုံးပြီး ဘုန်းကြီးတစ်ပါးအပါအဝင် ၁၀ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောင်ပန်း ရဲစခန်းမှာ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတဲ့ အချုပ်သား ၁၀ ဦးကို ပြန်ဖမ်းမိ

ရှမ်းတောင် ကလောမြို့နယ် အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်း ဖောက်ပြီး ထွက်ပြေးသွားတဲ့ အချုပ်သား ၁၀ ဦးကို ပြန်ဖမ်းမိပြီလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မန္တလေးတိုင်းရှိ မြို့နယ် ၇ ခုမှာ စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသူ ၁၂၀ ကျော်ရှိ

မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၇ ခုမှာ နှစ်ပတ်အတွင်းမှာတင် စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသူ ၁၂၂ ဦးထက်မနည်းရှိကြောင်း မန္တလေးသပိတ်အင်အားစုက ဒီနေ့ ဇန်နဝါရီ ၁၇ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ဒီးမော့ဆိုရှိ စစ်ရှောင်စခန်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရေးပေါ် ဗုံးခိုကျင်း တူးနေရ

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရေးပေါ် ဗုံးခိုကျင်း တူးနေရတယ်လို့ စစ်ရှောင်တွေက ရွှေဖီမြေကို ပြောပါတယ်။

အမ်းမြို့နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကို အရှိုချင်းတပ်က တိုက်ခိုက်၊ ၅ ဦး သေဆုံးပြီး ၁၂ ဦး အရှင်ဖမ်းမိ

ရခိုင်ပြည်နယ် အမ်းမြို့နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကို အရှိုချင်းတပ်- Asho CDF က တိုက်ခိုက်ရာ ၅ ဦး သေဆုံးပြီး ၁၂ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

အိန္ဒိယမှာ ချင်းတပ်မတော် ခေါင်းဆောင်တစ်ဦးအပါအဝင် ၅ ဦး လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Mamit ခရိုင်မှာ ချင်းအမျိုးသားတပ်ဦး- CNF/CNA ရဲ့ ခေါင်းဆောင်တစ်ဦးအပါအဝင် ၅ ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိတယ်လို့ မီဇိုရမ် ရဲတပ်ဖွဲ့က ဒီနေ့ ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။