မန္တလေးကနေ တက်လာတဲ့ အတက်ကားတွေကို ဝက်ဝံဂိတ်မှာ ‌လှည့်ပြန်ခိုင်း၊ တစ်ပတ်ကြာ ပိတ်ထားမယ်လို့ဆို

မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ နောင်ချိုကြားရှိ စစ်ကောင်စီရဲ့ ဝက်ဝံရွာ စစ်ဆေးရေးဂိတ်မှာ မန္တလေးကနေ တက်လာတဲ့ ကုန်တင်ကားတွေကို ပေးမဖြတ်ဘဲ ပြန်လှည့်ခိုင်းခဲ့သလို ၁ ပတ်ခန့်ကြာ ပိတ်ထားမယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ကားသမားတစ်ဦးက ပြောပါတယ်။

၁၀၅ မိုင်မှာ သတ်မှတ်အခွန်ထက် ပိုကောက်တာကြောင့် ကားသမားတွေ အခက်တွေ့နေ

ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်မှာ သတ်မှတ်ထားတဲ့ အခွန်ထက် ပိုကောက်နေကြောင်း ကားသမားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကျေးသီးမြို့ရှိ မိုင်းကောင်ဂိတ်မှာ တွဲကားတွေကို SSPP က တစ်နှစ်စာအတွက် အခွန် သိန်းဆယ်ချီ ကောက်၊ ဖြတ်သမျှ ဂိတ်မှာလည်း သောင်းဂဏန်း ထပ်ကောက်

ရှမ်းတောင် ကျေးသီးမြို့ရှိ မိုင်းကောင်ဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ တွဲကားတွေကို ရှမ်းပြည်တပ်မတော်- SSPP/SSA က တစ်နှစ်စာအတွက် အခွန် သိန်းဆယ်ချီ ကောက်ခံနေပြီး ဖြတ်သမျှ ဂိတ်တွေမှာလည်း သောင်းဂဏန်း ထပ်မံ ကောက်ခံနေကြောင်း ဒေသခံ‌တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ကင်းပုန်းဝပ်ဖို့ ရောက်လာတဲ့ စစ်တပ်ကို ချောင်းဦး PDF က မိုင်းဆွဲတိုက်ခိုက်ရာ ၄ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မုံရွာ-မန္တလေး လမ်းပိုင်းတစ်နေရာက ဒေသခံပိုင်ဆိုင်တဲ့ အဆောက်အဦးတစ်ခုထဲ ကင်းပုန်းဝပ်ဖို့ ရောက်လာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် PDF က ထုတ်ပြန်ထားပါတယ်။

ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PNLA တိုက်ပွဲ ပြင်းထန်၊ စစ်တပ်ဘက်က ၁၀၀ ကျော် သေဆုံးတယ်လို့ PNLA ပြော

ရှမ်းတောင် ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းတပ်မတော်- PNLA/PNLO တို့အကြား တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ PNLO က ဒီနေ့ ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်ပြန်လာပါတယ်။

မိုးကုတ်မှာ သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဓားပြတိုက်မှု ထပ်ဖြစ်ပြီးတော့ သိန်း ၈၀၀ နီးပါး ပါသွား၊ ၁ လနီးပါးအတွင်း ဓားပြတိုက်မှု ၃ ကြိမ်ဖြစ်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဓားပြတိုက်မှု ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ညောင်ရွှေမြို့နယ်ရှိ စစ်ရှောင်စခန်းမှာ စစ်ကောင်စီတပ်နဲ့ PNO ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ

ရှမ်းတောင် ညောင်ရွှေမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးဆီက သိရပါတယ်။

ကွတ်ခိုင် လင်လိုင်ရွာမှာ အမျိုးသားတစ်ဦးကို သူခိုးလို့ စွပ်စွဲပြီး KIA က ရိုက်နှက်၊ ဓားနဲ့ပါ ခုတ်လို့ ဒဏ်ရာ အပြင်းအထန်ရ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် လင်လိုင်ရွာမှာ ကချင်တပ်မတော်- KIA ရဲ့ တပ်သားတွေက ဆိုင်ကယ်သူခိုးလို့ စွပ်စွဲပြီး အမျိုးသားတစ်ဦးကို ရိုက်နှက်ခဲ့တာအပြင် ညာဘက် လက်ကိုပါ ဓားနဲ့ ခုတ်ခဲ့ပါတယ်။

လားရှိုးက ရပ်ကွက်တချို့မှာ သူခိုးတွေ သောင်းကျန်းနေ

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က ရပ်ကွက်တချို့မှာ သူခိုးတွေ သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်ဂူမှာ စစ်ကောင်စီတပ် ဗုံးကြဲလို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ လွယ်ဟောင်ရွာမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဓနုတပ်တော်- DPLA က ဒီနေ့ ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်လာပါတယ်။