Browsing Category
သတင်း
3854 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီတပ် ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ
တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
မြန်မာနိုင်ငံရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ အလုပ် လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၅ သောင်းကျော်ကို သက်ဆိုင်ရာနိုင်ငံထံ လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီပြော
မြန်မာနိုင်ငံရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၅ သောင်းကျော်ကို သက်ဆိုင်ရာ နိုင်ငံတွေထံ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီက မနေ့ ဇန်နဝါရီ ၂၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
အမ်း-ပဒါန်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်းတချို့ ဖမ်းမိခဲ့တယ်လို့ AA ပြော
ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းသို့ ချိတ်ဆက်ထားတဲ့ အမ်း-ပဒါန်းလမ်း တိုက်ပွဲအတွင်း သိမ်းဆည်းမိတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်းတချို့ကို အာရက္ခတပ်တော်- AA က မနေ့ ဇန်နဝါရီ ၂၀ ရက် ညမှာ ပုံနဲ့တကွ ထုတ်ပြန်လာပါတယ်။
ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်အကြား အပစ်ရပ်တာ မှန်ပေမဲ့ လားရှိုးမြို့ကနေ ပြန်ဆုတ်မှာ မဟုတ်ဘူးလို့ လားရှိုး ပြန်လည်ထူထောင်ရေး တာဝန်ရှိသူက ပြော
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်- MNDAA တို့အကြား အပစ်ရပ်တာ မှန်ပေမဲ့ ကိုးကန့်တပ်အနေနဲ့ လားရှိုးမြို့ကနေ ပြန်ဆုတ်မှာ မဟုတ်ဘူးလို့ လားရှိုး ပြန်လည်ထူထောင်ရေး တာဝန်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ ကိုးကန့်တပ် အပစ်ရပ်ဖို့ သဘောတူလိုက်ရ၊ ကိုးကန့် ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော်- MNDAA တို့အကြား အပစ်ရပ်ဖို့ သဘောတူလိုက်ကြောင်း တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မော်နင်းက ဒီနေ့ ဇန်နဝါရီ ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလာပါတယ်။