ကရင်နီပြည်မှာ စစ်ကောင်စီက ဝါဒဖြန့်ဖို့ တက္ကသိုလ်တွေ အမြန်ဆုံး ဖွင့်လှစ်မယ်

ကရင်နီပြည်ရဲ့မြို့တော် လွိုင်ကော်မြို့က တက္ကသိုလ်တွေကို လာမယ့် ၂၀၂၅-၂၀၂၆ စာသင်နှစ်အတွင်း အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့ စီကောင်စီက စီစဉ်နေတယ်လို့ Non-CDM သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မူဆယ်မှာ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ၁ ဦး သေဆုံး

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာရှိတဲ့ပြည်သူ့စစ်အချင်းချင်း မူးယစ်ဆေးဝါး အသုံးလွန်ပြီး ပစ်ခတ်မှု ဖြစ်ပွားရာကနေ ပြည်သူ့စစ်တစ်ဦး သေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ခမ်းပတ်မြို့ သုံးရက်ဆက်တိုက် လေကြောင်းကနေ တိုက်ခိုက်ခံရပြီး ဒေသခံတွေ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း တမူးမြို့နယ် ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဝိုင်းမော်က တစ်သျှူးငှက်ပျောခြံမှာ လက်နက်ကြီး ကျကွဲလို့ တရုတ်လုပ်ငန်းရှင်တစ်ဦးနဲ့ ယာဉ်မောင်းတစ်ဦး သေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအုပ်စု ကျမ်းခမ်းရွာရှိ တစ်သျှူး ငှက်ပျောခြံတစ်ခုမှာ ဇန်နဝါရီ ၂၀ ရက် မနက် ၁၀ နာရီခန့်က လက်နက်ကြီး ကျကွဲလို့ တရုတ်လုပ်ငန်းရှင်တစ်ဦးနဲ့ ယာဉ်မောင်းတစ်ဦး သေဆုံးသွားပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ယာဉ်မောင်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။

KNU ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်လို့ ဦးဇင်းတစ်ပါး ပျံလွန်တော်မူပြီး ဦးဇင်းတစ်ပါးနဲ့ ဒေသခံတစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်က ဒရုန်းဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူ (ညောင်လေးပင်ခရိုင်) ညောင်လေးပင်မြို့နယ်က ဦးဇင်းတစ်ပါး ပျံလွန်တော်မူပြီး ဦးဇင်းတစ်ပါးနဲ့ ဒေသခံတစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNU က ဒီနေ့ ဇန်နဝါရီ ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဟားခါးမှာ ပျူစောထီး ၄ ဦး လက်နက်ခဲယမ်းနဲ့အတူ CDF ထံ အလင်းဝင်

ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်ကောင်စီ လက်‌အောက်ခံ ပျူစောထီး ၄ ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ဟားခါး CDF က မနေ့ ဇန်နဝါရီ ၂၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကျိုင်းတုံမှာ မီးလောင်မှုကြောင့် အိမ်ရှင်အမျိုးသား သေဆုံး

ရှမ်းအရှေ့ ကျိုင်းတုံမြို့မှာ မီးလောင်မှု ဖြစ်ပွားရာကနေ အိမ်ရှင်အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ချောင်းသာ၊ ရွှေသောင်ယံက သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေရ

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့အနီးက တိုက်ပွဲကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောင်ချိုမှာ စစ်တပ်က ဗုံး ထပ်ကြဲလို့ အရပ်သား ၈ ဦး သေဆုံး

တအာင်းတပ်မ‌တော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၈ ဦး သေဆုံးခဲ့ပါတယ်။

ကန့်ဘလူမှာ စစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးနေ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ပေါ်က ရပ်ကွက်နဲ့ ကျေးရွာပိုင်းမှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးနေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူအဖွဲ့က မနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။