Browsing Category
သတင်း
3854 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
မကွေးနယ်စပ်တစ်လျှောက် တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်သားကို PRF-Magway က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီးအပါအဝင် ၁၀ ဦး သေဆုံး
ရခိုင်-မကွေးနယ်စပ်မှာ တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲကနေ ထွက်ေပြးလာတဲ့ စစ်ကောင်စီတပ်သားကို PRF-Magway က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီး ၂ ဦး၊အရာခံဗိုလ် ၁ ဦးအပါအဝင် စစ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ PRF-Magway က ဒီနေ့ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။
ကျိုက်ဒုံမှာ စစ်ကောင်စီတပ် ဗုံးကြဲလို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ်တချို့ ပျက်စီး
ကရင်ပြည်နယ် ကျိုက်ဒုံမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU က ဒီနေ့ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။
မိုးဗြဲမှာ တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ
ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတို့အကြား တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။
KIA ဖမ်းဆီးထားတဲ့ နမ့်ခမ်းဒေသခံ လူငယ် ၅ ဦးထဲမှ ၂ ဦး ပြန်လွတ်လာ၊ ၃ ဦးကို စစ်သင်တန်း ပို့မယ်လို့ဆို
ကချင်တပ်မတော်- KIA ဖမ်းဆီးသွားတဲ့ နမ့်ခမ်းမြို့နယ် မန်ကောင်းရွာက လူငယ်အမျိုးသား ၅ ဦးထဲမှ ၂ ဦးကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၃ ဦးကိုတော့ ပြန်လွှတ်ပေးတာမရှိဘဲ စစ်သင်တန်း တက်ခိုင်းမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နောင်ချိုမှာ TNLA အစည်းအဝေးလုပ်တဲ့ ထွေအုပ်ရုံးကို ဗုံးကြဲလို့ TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးဆိုတဲ့ သတင်းအမှား
တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်တာဟာ TNLA က ထွေအုပ်ရုံးမှာ အစည်းအဝေးလုပ်တာကြောင့် တိုက်ခိုက်တာဖြစ်ပြီး TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာ သတင်းအမှားတွေ ပျံ့နေပါတယ်။