ဆီဆိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်က အဆိပ်ပါတဲ့ လက်နက်ကြီး အသုံးပြုနေကြောင်း PNLA ပြော

ရှမ်းတောင် ဆီဆိုင်မြို့ အရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အဆိပ်ပါတဲ့ လက်နက်ကြီး အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ ပအိုဝ်းတပ်မတော်- PNLO/PNLA က ဒီနေ့ ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

သီပေါမှာ အမျိုးသား ၂ ဦး စစ်ကောင်စီတပ်ရဲ့ လက်ပစ်ဗုံးကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး သေဆုံး

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်ပစ်ဗုံး ဆော့ကစားရာကနေ ပေါက်ကွဲပြီး ‌အမျိုးသား ၂ ဦး သေဆုံးခဲ့ပါတယ်။

အရပ်သားတွေ ဆေးကုသနေတဲ့ ကျောက်မဲ ဆေးရုံကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ၊ CDM ဆရာမအပါအဝင် ၂ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရ

ဒီနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီခွဲခန့်မှာ အရပ်သားတွေ ဆေးကုသနေတဲ့ ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံပေါ် ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချခဲ့ရာ ဆေးကုသပေးနေတဲ့ CDM ဆရာမနဲ့ ဆေးရုံတက်နေသူအပါအဝင် အနည်းဆုံး ၂ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ကြောင်း ကနဦး သိရပါတယ်။

ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ဗုံး ထပ်ကြဲ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အပစ်ရပ် သဘောတူညီချက်ကြောင့် နွေဦးတော်လှန်ရေးအတွက် အကျိုးရှိနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေပြော

ကိုးကန့်တပ်မတော်- MNDAA နဲ့ စစ်ကောင်စီတပ်တို့အကြား အပစ်ရပ် သဘောတူညီချက်ကြောင့် နွေဦးတော်လှန်ရေးအတွက် တစ်စုံတစ်ရာ အကျိုးရှိလာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူနဲ့ CDM ဗိုလ်ကြီးတွေက ပြောပါတယ်။

မိုင်းယုလေးမှာ ရွှေအလွန်အကျွံ တူး‌ဖော်မှုကြောင့် အသုံးပြုဖို့ရေ အခက်အခဲ ကြုံနေရ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာမှာ ရွှေအလွန်အကျွံ တူးဖော်မှုကြောင့် အသုံးပြုဖို့ရေ အခက်အခဲ ကြုံနေရပါတယ်။

သီပေါမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ

ရှမ်းမြောက် သီပေါမြို့မှာ အမျိုးသားတစ်ဦး မိုင်းနင်းမိတာကြောင့် လက်ချောင်းပြတ်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော်- TNLA က ဒီနေ့ ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

တန့်ယန်းမြို့ရှိ ရွှေဆိုင် ဓားပြတိုက်ခံရ၊ တစ်ပတ်အတွင်း ဓားပြတိုက်မှု ၃ ကြိမ်ဖြစ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့မှာ ရွှေဆိုင်တစ်ဆိုင် ဓားပြ တိုက်ခံရပြီး တစ်ပတ်အတွင်း ဓားပြတိုက်မှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လားရှိုး ကောင်းကျဲအုပ်စုထဲက ကျေးရွာတွေမှာ SSPP နဲ့ KIA ဆန်နဲ့ငွေ တောင်းခံ၊ ဇန်နဝါရီလအတွင်း အပြီးပေးခိုင်းနေ

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လာရှိုးမြို့နယ် ကောင်းကျဲအုပ်စုထဲရှိ ကျေးရွာတွေမှာ ရှမ်းပြည်တပ်မတော်- SSPP နဲ့ ကချင်တပ်မတော်- KIA က ဆန်နဲ့ငွေ တောင်းခံနေပြီး ဇန်နဝါရီလအတွင်း အပြီးပေးခိုင်းနေပါတယ်။

မိုးကုတ် နယ်မြေ ၁၃ မှာ ထမင်းချက်နေစဉ် မီးလောင်မှုဖြစ်

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ထဲက အိမ်တစ်အိမ်မှာ ထမင်းချက်နေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။