Browsing Category
သတင်း
3854 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
အာဏာသိမ်း ၄ နှစ်နီးပါးအတွင်း မြန်မာသတင်းသမား ၁၁ ဦး ထောင်ဒဏ်တစ်သက်နဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံနေရ
အာဏာသိမ်းထားတဲ့ ၄ နှစ်နီးပါးအတွင်း မြန်မာနိုင်ငံမှ သတင်းသမား ၁၁ ဦး ထောင်ဒဏ် တစ်သက်နဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့အပြင် သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံရပြီး ၄၃ ဦးက အကျဉ်းကျခံထားရဆဲ ဖြစ်တယ်လို့ ဇန်နဝါရီ ၂၅ ရက်မှာ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ- IPCM က ထုတ်ပြန်ထားပါတယ်။
ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ငှက်ပျောတောကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNU က မနေ့ ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဗန်းမော်က စစ်ကောင်စီတပ်ရဲ့ သံချပ်ကာ ၇ စီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
ကချင်ပြည်နယ် ဗန်းမော်ရှိ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာတပ်ကို မနေ့ ဇန်နဝါရီ ၂၅ ရက်မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် ရှင်းလင်းသိမ်းပိုက်လိုက်ပြီး သံချပ်ကာကား ၇ စီး သိမ်းပိုက်ရရှိခဲ့ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကျောက်မဲ ပြည်သူ့ဆေးရုံပေါ် ဗုံးကြဲတိုက်ခိုက်ခံရမှု MFM, THC နဲ့ အဖွဲ့အစည်းတွေ ကန့်ကွက်ရှုတ်ချ
အရပ်သားတွေ ဆေးကုနေတဲ့ တအာင်းတပ်- TNLA ထိန်းချုပ်ထားရာ ကျောက်မဲ ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်တာကို ကန့်ကွက်ရှုတ်ချကြောင်း ကျန်းမာရေး မိသားစု မန္တလေး- MFM၊ တအာင်းပြည် ကျန်းမာရေးကောင်စီ- THC နဲ့ တခြားအဖွဲ့အစည်းတွေက ထုတ်ပြန်လာပါတယ်။
၂၀၂၄ ခုနှစ်အတွင်း KNU ဒေသမှာ တိုက်ပွဲပေါင်း ၃ ထောင်ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ထောင်ကျော် သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်
၂၀၂၄ ခုနှစ်အတွင်း KNU ဒေသမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပေါင်း ၃,၂၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၃,၁၃၆ ဦး သေဆုံးခဲ့ပြီးတော့ ၂,၂၂၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA က ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။