Browsing Category
သတင်း
3854 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ပျူရွာက ထွက်ပြေးလာခဲ့ကြလို့ ခွဲခြားဆက်ဆံခဲ့ရတဲ့ အညာက အပယ်ခံများ
အိမ်ခြေ ၆ဝဝ ကျော်ရှိတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာထဲ လွန်ခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက် တပ်စွဲနေထိုင်ခဲ့လို့ စစ်အာဏာရှင်ကို မကြိုက်မနှစ်သက်ကြတဲ့ ကျေးရွာခံ အများစုဟာ ကျေးရွာထဲကနေ အိုးအိမ် စွန့်ခွာပြီး စစ်ရှောင်ခဲ့ကြပါတယ်။
ကလေးစစ်သား စုဆောင်းတဲ့သတင်းပေါက်ကြားမှုကြောင့် မိုင်းကိုင်က ကျေးရွာလူထုကို စစ်မှုထမ်းသူ ထပ်ပေးဖို့ SSPP ပြော
ရှမ်းတောင် မိုင်းကိုင်မြို့နယ် ပန်ကေတုအုပ်စု ကုန်းပေါင်းရွာက ၁၃ နှစ်အရွယ် မိုင်းအကျေဆိုတဲ့ ကလေးငယ်ကို ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က စစ်ဝတ်စုံ ဝတ်ခိုင်းပြီး လက်နက်ပါ ကိုင်ဆောင်ခိုင်းတယ်ဆိုတဲ့ ကလေးစစ်သားသတင်း မီဒီယာပေါ် ပေါက်ကြားလာမှုကြောင့် နောက်ထပ် ကုန်းပေါင်းဒေသခံ ၄ ဦး စစ်မှု ထမ်းရမယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
အတင်းအဓမ္မ တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး ကရင်နီ ရှေ့တန်းဘက် ပို့ခံရတဲ့ စစ်သား ၇ ဦး KNDF ထံ အလင်းဝင်
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီး ကရင်နီပြည် ရှေ့တန်းစစ်ဆင်ရေးသို့ ပို့ဆောင်ခံရတဲ့ စစ်သား ၇ ဦးက ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ထံ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ မနေ့ ဇန်နဝါရီ ၂၆ ရက်မှာ KNDF က ထုတ်ပြန်ထားပါတယ်။
အမ်းတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်သားကို အရှိုချင်း CDF က ပိတ်ဆို့တိုက်ခိုက်ရာ စစ်သုံ့ပန်း ၁၇ ဦး ထပ်ဖမ်းမိ
မကွေးတိုင်း အမ်း-ပဒါန်းလမ်းကနေ တစ်ပတ်ကျော်အတွင်း ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားကို အရှို ချင်းကာကွယ်ရေးတပ်- CDF Asho က ပိတ်ဆို့တိုက်ခိုက်ရာ စစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ CDF Asho က ဒီနေ့ ဇန်နဝါရီ ၂၇ ရက်မှာ ထုတ်ပြန်လာပါတယ်။