စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ကရင်နီတော်လှန်ရေးအဖွဲ့ထံ ဘက်ပြောင်းခိုလှုံ

ကရင်နီပြည် ဘောလခဲအခြေစိုက် ခမရ ၄၂၉ တပ်ရင်း စစ်မှုထမ်း တပ်သားသစ် ၄ ဦးဟာ လွိုင်ကော်မြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်- Loikaw Local PDF ထံ အလင်းဝင်ခဲ့တယ်လို့ Loikaw Local PDF က ထုတ်ပြန်ထားပါတယ်။

ကြူကုတ်ပန်ဆိုင်းမြို့က ၂ နှစ်ကျော်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ MNDAA တပ်ဖွဲ့ဝင်တစ်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ငွေဒဏ် ယွမ် ၃ သောင်း ချမှတ်

မူဆယ်မြို့နယ် ကြူကုတ်ပန်ဆိုင်းမြို့က ၂ နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးကို အဓမ္မ ပြုကျင့်ခဲ့တဲ့ ကိုးကန့်တပ်- MNDAA တပ်ဖွဲ့ဝင်တစ်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ငွေဒဏ် တရုတ်ငွေ ယွမ် ၃ သောင်း ချမှတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မိုးဗြဲမှာ တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံး

ရှမ်းတောင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေးအင်အားစုအကြား တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တောင်ကြီးမှာ အမျိုးသမီး စစ်မှုထမ်းစာရင်း စတင်ကောက်ခံနေ

ရှမ်းတောင် တောင်ကြီးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာတချို့မှာ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်း စတင်ကောက်ခံနေပြီလို့ ဒေသတွင်း လေ့လာစောင့်ကြည့်တဲ့ အဖွဲ့အစည်း တာဝန်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မှာ အမျိုးသားတစ်ဦး စမတ်ကတ် သွားယူပြီး အပြန်လမ်းမှာ ဓားထိုးခံရ

စစ်ကောင်စီတပ် ထိန်းချုပ်တဲ့ မူဆယ်မှာ အမျိုးသားသုံးဦးက စမတ်ကတ် သွားယူပြီး ပြန်လာတဲ့ အမျိုးသားတစ်ဦးကို ဓားနဲ့ ထိုးခဲ့တယ်လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖရူဆိုနဲ့ ဒီးမော့ဆိုရှိ စစ်ရှောင်စခန်းမှာ ရေရှားပါးမှု ကြုံနေရ

ကရင်နီပြည် ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှုပြဿနာ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်နဲ့ အကူအညီ ပေးနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကျင်စန်းကျော့ဂိတ် ပြန်ပိတ်မှာကို စိုးရိမ်တာကြောင့် ကြံတောင်သူတွေ ကြံအလုအယက် တင်ပို့

တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်ဟာ နိုင်ငံရေးအခြေအနေကြောင့် ပြန်ပိတ်မှာကို စိုးရိမ်ကြလို့ ကြံတောင်သူတချို့က တရုတ်ပြည်ထဲ ကြံတွေကို အလုအယက် တင်ပို့ခဲ့ကြတယ်လို့ ၁၀၅ မိုင် ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

၁ နှစ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၂ ထောင်နီးပါးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA ပြော

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ၁ နှစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ ၁,၉၂၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က မနေ့ ဇန်နဝါရီ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကျောက်မဲမှာ လေကြောင်းအန္တရာယ် စိုးရိမ်ချက်ကြောင့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ယာယီပိတ်ပင်ထား

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ လေကြောင်း စိုးရိမ်ချက်ကြောင့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ယာယီပိတ်ပင်ထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

TNLA နဲ့ KIA နယ်မြေ အငြင်းပွားတာနဲ့ ပတ်သက်ပြီး ဒေသခံလူကြီးချင်း တွေ့ဆုံဆွေးနွေးသွားဖို့ ညွှန်ကြားထားတယ်လို့ဆို

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနဲ့ အခြားဒေသမှာ လက်ရှိ ကချင်တပ်မတော်- KIA နဲ့ တအာင်းတပ်- TNLA တို့အကြား နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နှစ်ဖက် တွေ့ဆုံဆွေးနွေးသွားဖို့ရှိကြောင်း KIO/KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူ‌က ရွှေဖီ‌မြေကို ပြောပါတယ်။