နွားထိုးကြီးဘက် စစ်ကြောင်း ထိုးလာတဲ့ တပ်မ ၉၉ ကို နွားထိုးကြီး PDF ပူးပေါင်းတပ်က တိုက်ခိုက်ရာ စစ်သား ၂၁ ဦး သေဆုံးပြီး ၈ ဦး အရှင်ဖမ်းဆီးရမိ
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပြင်စည်ရွာကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း တပ်မ ၉၉ ကို နွားထိုးကြီး PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ စစ်သား ၂၁ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၈ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။