Browsing Category
သတင်း
3854 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
စစ်တပ် အာဏာသိမ်းထားတဲ့ ၄ နှစ်အတွင်း နိုင်ငံတစ်ဝှမ်းက အရပ်သား ၆ ထောင်ကျော် သေဆုံး
စစ်တပ် အာဏာ စသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ မနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ၄ နှစ်အတွင်း စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက်အောက်ခံတွေကြောင့် နိုင်ငံတစ်ဝှမ်းက အရပ်သား ၆,၂၃၉ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့
စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
MNDAA ဖမ်းဆီးပြီး စစ်မှု ထမ်းခိုင်းတဲ့ မိုးကုတ်က အမျိုးသား ၂ ဦး မိသားစုဝင်နဲ့ အဆက်အသွယ် ပြတ်တောက်နေ
ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကတည်းက လောက်ကိုင်မြို့ကနေ နေရပ်သို့ ပြန်လာတဲ့ မိုးကုတ်မြို့နယ်က အမျိုးသား ၂ ဦးကို ကိုးကန့်တပ်- MNDAA က ဖမ်းဆီးသွားခဲ့ပြီး ဒီနေ့အထိ မိသားစုဝင်နဲ့ ဆက်သွယ်လို့ မရသေးကြောင်း ကာယကံရှင်ရဲ့ အစ်ကိုဖြစ်သူ ပြောပြချက်အရ သိရပါတယ်။
မိုးမိတ်က အမျိုးသားတစ်ဦး ခြံရှင်းရင်း လက်နက်ကြီး ပေါက်မိပြီး ပေါက်ကွဲလို့ ဒဏ်ရာ အပြင်းအထန်ရ
တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ အာသံရပ်ကွက်က အမျိုးသားတစ်ဦး ငှက်ပျောခြံ သွားရှင်းရင်း စစ်ကျန်လက်နက်ဖြစ်တဲ့ လက်နက်ကြီး ပေါက်မိပြီး ပေါက်ကွဲလို့ ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောပါတယ်။