Browsing Category
သတင်း
3854 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ဆေးဝါး လုံလောက်မှု မရှိလို့ ဂွမြို့နယ်က ကျေးရွာ ၁၂ ရွာမှ ကလေးငယ်အပါအဝင် ဒေသခံ ၃ ထောင်ကျော် အရေးပြားရောဂါ ကူးစက်ခံနေရ
စစ်ကောင်စီတပ်ရဲ့ ဆေးဝါး ဖြတ်ေတာက်တာကို ခံနေရတဲ့ အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်က ကျေးရွာ ၁၂ ရွာခန့်မှာရှိတဲ့ ကလေးငယ်အပါအဝင် ဒေသခံ ၃ ထောင်ကျော်ဟာ အရေပြား ကူးစက်ရောဂါ ကြုံနေရကြောင်း ဂွမြို့နယ် စစ်ရှောင်ကူညီရေး ပူးပေါင်းအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တစ်လခန့်ကြာတဲ့အထိ စစ်တပ်နဲ့ KNDF တို့ တိုက်ပွဲဖြစ်
စစ်ကောင်စီတပ်က ရှမ်းတောင် မိုးဗြဲမြို့ထဲကို ဝင်လာဖို့ ကြိုးစားနေတာကြောင့် တစ်လခန့်ကြာတဲ့အထိ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF နဲ့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ KNDF ရဲ့ ဗဟိုသတင်းမှန်ပြန်ကြားရေးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့လို့ ဆောထိမြို့နယ်က ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၄ ဦး ဒဏ်ရာရ
ကရင်ပြည်နယ် ဆောထိမြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတာနဲ့ လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၄ ဦး ဒဏ်ရာ ရခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး- KNU က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
အာဏာသိမ်း လေးနှစ်အတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက လျစ်လျူမရှုဘဲ ဝိုင်းဝန်းကူညီပေးဖို့ မွန်ခမာမျိုးနွယ်စုဖြစ်တဲ့ တအာင်း၊ ဝ၊ မွန်လူငယ်က တောင်းဆို
စစ်တပ်က အာဏာသိမ်းထားတဲ့ ၄ နှစ်အတွင်း ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လျစ်လျူမရှုဘဲ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ မွန်ခမာမျိုးနွယ်စုဖြစ်တဲ့ တအာင်း၊ ဝ၊ မွန် လူငယ်တွေက ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ ပူးပေါင်းပြီး ထုတ်ပြန်တောင်းဆိုလာပါတယ်။