Browsing Category
သတင်း
3854 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ထွက်ပြေးသွားတဲ့ တပ်သား ၃ ဦးကို စစ်ကောင်စီတပ်က လိုက်ရှာချိန် PDF နဲ့ ထိတွေ့ခိုက်တိုက်မှုဖြစ်၊ စစ်တပ်ဘက်က ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ
ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ တပ်သား ၃ ဦးထွက်ပြေးတာကို လိုက်ရှာချိန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ နဲ့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေ
စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲ ဖြစ်နေတဲ့ ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ဘုတလင်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ၁ ပါး ပျံလွန်တော်မူ
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် စိမ့်တော၊ တောရ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် ဦးက္ကဒ္ဓိဗလ ပျံလွန်တော်မူသွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNU, BPLA နဲ့ ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး အရှင်ဖမ်းမိ
ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA ရဲ့ တပ်မဟာ(၁)နယ်မြေဖြစ်တဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA, ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်- BPLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ BPLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ရွှေဖီမြေကို ပြောပါတယ်။