ဧရာဝတီတိုင်းဘက် စစ်မီး ကူးစက်လာပြီးနောက် စစ်ကောင်စီက ပုသိမ်ထောင် လုံခြုံရေး တင်းကြပ်လာ

ဧရာဝတီတိုင်း ပုသိမ်မြို့က အကျဉ်းထောင်ကို စစ်ကောင်စီက လုံခြုံရေး တင်းကြပ်ထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှု လုပ်ဆောင်နေတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကန့်ဘလူမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ငါးရာနဲရွာက ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း(၄)က မနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တောင်းခမ်း တိုက်ပွဲမှာ သုံ့ပန်း ၅ ဦးကို DPLA ဖမ်းမိ၊ တစ်ဦးဟာ ငယ်စဉ်ကတည်းက ကွဲကွာသွားတဲ့ DPLF ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ညီအစ်ကိုအရင်း ဖြစ်နေ

နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သုံ့ပန်း ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး- DPLF/DPLA ရဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မတူပီမြို့နယ်မှာ နယ်မြေ အငြင်းပွားမူကြောင့် ချင်းတော်လှန်ရေးနှစ်ဖွဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဖက် အကျအဆုံးရှိ

ချင်းပြည်နယ် မတူပီမြို့နယ် ရွာမန်းကျေးရွာမှာ နယ်မြေအငြင်းပွားမှုကြောင့် ချင်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ မရာလဲန်းကာကွယ်ရေးတပ်- MDF နဲ့ ချင်းကာကွယ်ရေးတပ် (လောက်တူ)တို့ ပစ်ခတ်မှု ဖြစ်ပွားပြီး နှစ်ဘက် အကျအဆုံး ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဗန်းမော်အခြေစိုက် စစ်ကောင်စီရဲ့ အမြှောက်တပ် ၃၆၆ ကို KIA သိမ်းပိုက်၊ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

တိုက်ပွဲ ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အမြှောက်တပ် ၃၆၆ ကို ကချင်တပ်မတော်- KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲလည်း ဆက်လက် ပြင်းထန်နေတယ်လို့ KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။

တာချီလိတ်မြို့က ရပ်ကွက်တချို့နဲ့ ကားအရောင်းပြခန်းတချို့မှာ ရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးပြီး လိုင်စင်မဲ့ကား စဖမ်းနေ

ရှမ်းအရှေ့ တာချီလိတ်မြို့က ရပ်ကွက်တချို့နဲ့ ကားအရောင်းဆိုင်တချို့မှာ ရဲတပ်ဖွဲ့ဝင်က ဝင်ရောက် စစ်ဆေးပြီး လိုင်စင်မဲ့ ကားတွေကို ဖမ်းနေတယ်လို့ မြို့ခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

KIA နဲ့ TNLA တို့အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုကို နှစ်ဖက်တာဝန်ရှိသူ ဖြေရှင်းပြီးပြီလို့ KIA ပြော

မြောက်ပိုင်းမဟာမိတ်ဖြစ်တဲ့ ကချင်တပ်မတော်- KIA နဲ့ တအာင်းတပ်မတော်- TNLA တို့အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုကို နှစ်ဖက်တာဝန်ရှိသူတွေက ဖြေရှင်းပြီးပြီလို့ KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မှာ အမျိုးသားတစ်ဦး ရေနွေး တည်ချိုးရာကနေ ဓာတ်လိုက်ပြီး သေဆုံး

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ အမျိုးသားတစ်ဦး ရေနွေးတည်ချိုးရာကနေ ဓာတ်လိုက်ပြီး သေဆုံးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နောင်ချိုမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် TNLA တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ TNLA ထိန်းချုပ်ထားတဲ့နေရာတချို့ ပြန်လည် လက်လွှတ်နေရ

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာအပြင် နောင်ချိုနဲ့ မန္တလေးတိုင်း ပြင်ဦးလွင်ကြားရှိ ဂန့်ကော်ရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ နေ့စဥ်လိုလို တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ဒေသမှာ ၁ လအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရ

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ဒေသမှာ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာ ရခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။