ရပ်စောက် အင်းတောမြို့က အမျိုးသားတစ်ဦးကို SSPP ရိုက်နှက်လို့ သေဆုံး

ရှမ်းတောင် ရပ်စောက်မြို့နယ် အင်းတောမြို့က အမျိုးသားတစ်ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က ဖမ်းဆီးရိုက်နှက်လို့ သေဆုံးသွားခဲ့တယ်လို့ နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

ရေး-သံဖြူဇရပ်လမ်းပေါ် ဂိတ်ဖွင့်ထားတဲ့ စစ်တပ်စခန်းကို မွန်တပ်က စီးနင်းတိုက်ခိုက်ရာ စစ်သား ၅ ဦး သေ

မွန်ပြည်နယ် သံဖြူဇရပ်-ရေးလမ်းပိုင်းပေါ်က ကွမ်းဒူးနဲ့ နှင်းစုံရွာကြားတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားကို မွန်ပြည်သစ်ပါတီ- AD က စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။

နောင်ချိုမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ထပ်ကြဲ

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နမ့်ခမ်းမှာ အမျိုးသားတစ်ဦး ကြံခုတ်ရင်း မိုင်းပေါက်မိပြီး ပေါက်ကွဲလို့ ဒဏ်ရာရ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့မှာ အမျိုးသားတစ်ဦး ကြံခုတ်ရင်း ‌မိုင်းပေါက်မိပြီး ပေါက်ကွဲလို့ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တောင်ကြီးမှာ ပြည်ပရောက် အမျိုးသမီးတွေ စစ်မှုထမ်းအတွက် ၆ သိန်းအထက် ပေးဆောင်ရမယ်လို့ဆို

ရှမ်းတောင် တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုမှာ ပြည်ပသို့ ရောက်ရှိနေတဲ့ အမျိုးသမီးတွေအတွက် စစ်မှုထမ်းစရိတ် ၆ သိန်းနဲ့အထက် ကောက်ခံနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ကလေးမြို့မှာ အရပ်သား ၂ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီး

စစ်ကိုင်းတိုင်း ကလေးမြို့မှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကွတ်ခိုင်မှာ KTV နဲ့ အနှိပ်ခန်း ပေါများလာပြီး အသက်မပြည့်သေးတဲ့ အမျိုးသမီးတွေကိုပါ အလုပ်ခန့်တာ ရှိနေ

ရှမ်းမြောက် ကွတ်ခိုင်မြို့မှာ KTV နဲ့ အနှိပ်ခန်းဆိုင် ပေါများလာပြီး အသက်မပြည့်သေးတဲ့ အမျိုးသမီးတွေကို အလုပ်ခန့်တာ ရှိနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

အင်းလေးမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံး

ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေပူဘုရားတောင်ကျေးရွာအုပ်စုကို ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ၁၅ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးနဲ့ မိုင်းယော်ကြားမှာရှိတဲ့ TNLA ဂိတ်တစ်ခု ကုန်စည်ခွန်ဆိုပြီး ငွေ အဆမတန် တောင်းတာတွေ ရှိနေ

ရှမ်းမြောက် လားရှိုးမြို့နဲ့ မိုင်းယော်ကြားမှာရှိတဲ့ TNLA ဂိတ်တစ်ခုဟာ ကုန်စည်ခွန်ဆိုပြီး ငွေ အဆမတန် တောင်းနေတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကျားဖြန် ငွေလိမ်လုပ်ငန်း နှိမ်နင်းဖို့ တာချီလိတ်အပါအဝင် ထိုင်း-မြန်မာနယ်စပ်က မြို့ ၃ ခုကို ထိုင်းဘက်က လျှပ်စစ်မီး ဖြတ်လိုက်ပြီ

ရှမ်းအရှေ့ တာချီလိတ်မြို့အပါအဝင် ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ထိုင်း-မြန်မာနယ်စပ်က မြဝတီနဲ့ ဘုရားသုံးဆူမြို့ကို ထိုင်းဘက်က မီးဖြတ်လိုက်ပြီလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။