သီပေါမြို့အဝင် မုခ်ဦးကို ပြုပြင်ဖို့ ဗဟိုကော်မတီက ညွှန်ကြားထားတာ မရှိဘူးလို့ TNLA ပြော၊ မူလအတိုင်း ပြန်လည် ပြုပြင်နေပြီလို့ဆို

ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေ ကန့်ကွက်နေတဲ့ ရှမ်းမြောက် သီပေါမြို့အဝင် မုခ်ဦးကို ပြုပြင်တဲ့ကိစ္စမှာ ဗဟိုကော်မတီက ညွှန်ကြားထားတာ မရှိဘူးလို့ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။

တစ်လအတွင်း စစ်သား ၃၁ ဦးကို စစ်တပ်ကနေ ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ရင်ခွင်က ထုတ်ပြန်

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်သား ၃၁ ဦးကို စစ်တပ်ကနေ ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ရင်ခွင်က မနေ့ ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

ထောင်အာဏာပိုင်နဲ့ အကျဉ်းဦးစီးဌာနဝန်ထမ်းတွေက ထောင်တွင်း ငွေလိမ်မှု ကျူးလွန်နေ

မြန်မာနိုင်ငံတစ်ဝှမ်း အကျဉ်းထောင် အများစုမှာ ၂၀၂၅ ခုနှစ် နှစ်စပိုင်းအတွင်း စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်နဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေက ငွေကြးလိမ်လည်မှု ကျူးလွန်နေကြတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

လားရှိုးနဲ့ ကွတ်ခိုင်မှာ လောင်းကစားဝိုင်းတွေ ဆက်ဖွင့်နေ

တရုတ်နှစ်သစ်ကူးပွဲတော် ပြီးသွားပေမဲ့ ရှမ်းမြောက် လားရှိုးနဲ့ ကွတ်ခိုင်မြို့နယ်မှာ လက်ရှိအချိန်ထိ လောင်းကစားဝိုင်း ဆက်လက် ဖွင့်လှစ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ကြီးမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA ထိန်းချုပ်တဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် (လယ်ဒို)ထဲ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ ဒရုန်းကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာ ရတာအပြင် နေအိမ် ၂၄ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က မနေ့ ဖေဖော်ဝါရီ ၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကွတ်ခိုင် မိုင်းယုလေးမှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာမှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားပါတယ်။

မိုးကုတ်မြို့ပေါ် စစ်ကောင်စီတပ် ဗုံးအလုံး ၂၀ ကျော် ကြဲချ၊ သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၂၀ ကျော်ရှိ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ရှိ ကျောက်လုပ်ကွက်တစ်ခုကို စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၂၀ ကျော် ရှိတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

တီးတိန်မြို့နယ်မှာ ZRA တပ်ဖွဲ့ဝင်က ဖမ်းဆီးရိုက်နှက်လို့ ဒေသခံ ၂ ဦး သေဆုံး

ချင်းပြည်နယ် တီးတိန်မြို့နယ် ငါလ်ဘွယ်ကျေးရွာမှာ ဇိုမီး တော်လှန်ရေး တပ်မတော်- ZRA တပ်ဖွဲ့ဝင်က ဖမ်းဆီးရိုက်နှက်စစ်ဆေးလို့ ဒေသခံအမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

မိုးမိတ်မှာ အမျိုးသမီးတစ်ဦး သတ်ခံရ၊ ၂ ပတ်ကျော် ကြာတဲ့အထိ တရားခံ မပေါ်သေး

ရှမ်းမြောက် မိုးမိတ်မြို့နယ် နမ့်ဥမ္မာကျေးရွာမှာ အမျိုးသမီးတစ်ဦး သတ်ခံရပြီး ၂ ပတ်ကျော် ကြာတဲ့အထိ တရားခံကို ဖမ်းဆီးရမိတာ မရှိသေးကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မြဝတီမြို့မှာ စက်သုံးဆီ တစ်လီတာ ၁ သောင်းခွဲအထိ ဈေးမြင့်တက်နေပြီး နေရာတချို့မှာ ပြတ်လပ်နေ

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ထိုင်းဘက်က စက်သုံးဆီ တင်သွင်းခွင့် ပိတ်လိုက်တာကြောင့် စက်သုံးဆီ တစ်လီတာ ၁ သောင်းခွဲအထိ ဈေးမြှင့်နေပြီး နေရာတချို့မှာတော့ စက်သုံးဆီ ပြတ်လပ်နေတယ်လို့ မြဝတီဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။