ရန်ကုန်က ဘာဒါဈေးကြီး ညသန်းခေါင်မှာ မီးအကြီးအကျယ် လောင်ကျွမ်း၊ ဆိုင်ခန်း ၄၀၀ ခန့် ဆုံးရှုံး

ရန်ကုန်တိုင်း လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ်က ဘာဒါဈေးကြီးမှာ မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပါဝါအိတ်ဇော တပ်လို့ဆိုပြီး ကျောက်မဲမြို့ ရဲတပ်ဖွဲ့ဝင်က ဒဏ်‌ငွေ ၁ သိန်းခွဲ ဆောင်ခိုင်းပြီး ရိုက်နှက်တာ ရှိနေ၊ ဒဏ်ကြေး မဆောင်ခိုင်းသေးဘဲ လူမှုရေးပြစ်ဒဏ်သာ ပေးကြောင်း တာဝန်ရှိသူ ပြော

ရှမ်းမြောက် ကျောက်မဲမြို့တွင်းမှာ ဆိုင်ကယ် ပါဝါအိတ်ဇော တပ်လို့ဆိုပြီး တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က ဒဏ်ငွေ ၁ သိန်းခွဲ ဆောင်ခိုင်းခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

တွေ့ဆုံဆွေးနွေးဖို့ သွားနေချိန် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်ကို လက်နက်ကြီးနဲ့ လေကြောင်း ၁၈၀ ကြိမ် နီးပါး တိုက်ခိုက်ခဲ့ကြောင်း TNLA ထုတ်ပြန်

တရုတ်နိုင်ငံ ကူမင်းမြို့မှာ TNLA က ဆွေးနွေးပွဲ သွားနေချိန် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်‌ထားတဲ့ နယ်မြေကို လက်နက်ကြီးနဲ့ လေကြောင်း ၁၇၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ TNLA က ထုတ်ပြန်ထားပါတယ်။

မူဆယ်ကနေ တရုတ်ပြည်ထဲ ဝင်မယ့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ငွေ ၃ သိန်း တောင်း

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ စစ်တပ်က တရုတ်ပြည်ထဲဝင်ဖို့သွားတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး ငွေ ၃ သိန်း တောင်းယူခဲ့တယ်လို့ ကိုယ်တိုင် ကြုံခဲ့ရသူ အမျိုးသားနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မင်းလှမြို့ရှိ ဒေသခံ‌ဆီကနေ စစ်မှုထမ်းကြေး ကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ် ခွက်မအုပ်စု ဇရစ်မျှောင်ရွာက အုပ်ချုပ်ရေးမှူး ဦးသန်း‌ထွေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ရဲဘော်တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် မိခင်ဖြစ်သူ သေဆုံးပြိီး ၅ နှစ် ကလေးငယ်တစ်ဦး အပြင်းအထန်ဒဏ်ရာရ

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် မဲပုတ်ရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။

တာချီလိတ်က အွန်လိုင်း ငွေလိမ်ဂိုဏ်း လုပ်ကိုင်သူ ၁၃ ဦး ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်

ရှမ်းအရှေ့ တာချီလိတ်မြို့ ဆန်ဆိုင်း (က)ရပ်ကွက်ထဲ တရားမဝင် အွန်လိုင်း ငွေလိမ်ဂိုဏ်း လုပ်ကိုင်သူ ၁၃ ဦး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နမ့်ခမ်းမှာ TNLA တပ်သားက ဒေသခံ ၂ ဦးကို ညိုမဲတဲ့အထိ ဖမ်းဆီးရိုက်နှက်

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် အထက်ပန်ယုတ်ရွာရဲ့အုပ်ချုပ်ရေးမှူးနဲ ရွာခံအမျိုးသားတစ်ဦးကို TNLA တပ်သားက တစ်ပတ်နီးပါး ကြာတဲ့အထိ ဖမ်းဆီးထားပြီး ညိုမဲအောင် ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းမှာ လူငယ် ၂၀ ကျော်ကို စစ်မှုထမ်းဖို့ အဓမ္မ ဖမ်းဆီး၊ ၂ လအတွင်း ဖမ်းဆီးခံရသူ ၂၀၀ ကျော် ရှိနေ

စစ်ကိုင်းမြို့ပေါ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက် မနက်အစောပိုင်းက လူငယ် ၂၀ ကျော်ကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီတပ်က အဓမ္မ ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်တွေ့သူ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ် သံဖိုရွာမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ ကလေးအပါအဝင် ချင်းလူမျိုး ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း သံဖိုကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လသားအရွယ် ကလေးတစ်ဦးအပါအဝင် ချင်းလူမျိုး ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။