Browsing Category
သတင်း
3854 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန် လုပ်ငန်းလုပ်ကိုင်နေသူ ၂ ထောင်ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီ ပြော
ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီ၊ ရွှေကုက္ကိုလ်နဲ့ KK park စတဲ့နေရာမှာရှိတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာ လုပ်ကိုင်နေသူ (၂,၂၀၀)ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို အရှို CDF က တိုက်ခိုက်လို့ ၇ ဦး သေဆုံးပြီး ကား ၂ စီး ပျက်စီး၊ CDF ဘက်ကတစ်ဦး ကျဆုံး
မကွေးတိုင်း ငဖဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ လက်နက်တွေ သယ်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၄ စီးကို ချင်းကာကွယ်ရေးတပ် CDF-Asho က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး ကား ၂ စီး ပျက်စီးခဲ့ကြောင်း ထုတ်ပြန်လာပါတယ်။
ပြည်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်အာဏာပိုင်တွေ ရိုက်နှက်၊ နိုင်ငံရေးအကျဉ်းသား ၅ ဦး ဒဏ်ရာရ
ပဲခူးတိုင်း ပြည်အကျဉ်းထောင်မှာ အကြောင်းပြချက်မရှိဘဲ နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM ဆီက သိရပါတယ်။
တပ်သား ၂ ဦး ပစ်ခတ်မှုဖြစ်ပြီး တစ်ဦး သေဆုံးမှုဟာ ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကြောင့်ဆိုပြီး MNDAA က အမျိုးသမီးငယ်ကို လဝက်ကျော်ကြာ ဖမ်းဆီးထား
ရှမ်းမြောက် လားရှိုးခရိုင် မိုင်းယော်တိုက်နယ် လုံမွန်းကျေးရွာက ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို ကိုးကန့်တပ်- MNDAA က လဝက်ကျော် ကြာတဲ့အထိ ဖမ်းဆီးထားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။