နမ္မတူမှာ အမျိုးသားတစ်ဦး ပျောက်ဆုံးပြီး ၆ ရက်အကြာမှာ အလောင်း ပြန်တွေ့

ရှမ်းမြောက် နမ္မတူမြို့နယ်မှာ အမျိုးသားတစ်ဦး ပျောက်ဆုံးပြီး ၆ ရက်အကြာမှာတော့ သေဆုံးနေတဲ့ အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ရေတာရှည်မှာ မိဘကို မက်ပဲကူကောက်ပေးတဲ့ ၁၂ နှစ်အရွယ် ကလေးတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက် ၂ ဖက်လုံး ပြတ်

ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ ၁၂ နှစ်အရွယ်ရှိတဲ့ ကလေးငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက် ၂ ဖက်ပြတ်ထွက်သွားခဲ့တယ်လို့ ကူညီပေးသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြိုင်နဲ့ ပေါက်နယ်က ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ အနည်းဆုံးပြည်သူ ၁၅ ဦး သေဆုံး

မကွေးတိုင်းမြောက်ခြမ်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးဗြဲမြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးငယ် ၁ သေဆုံးပြီး ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးဒဏ်ရာရ

ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးငယ် ၁ ဦးသေဆုံးပြီးကလေးငယ်အပါအဝင် ၄ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

သီပေါမြို့ရှိ မိဘမဲ့ဂေဟာက ကလေးငယ် အယောက် (၁၀၀) ကျော်အတွက် စားဝတ်နေရေး အကူအညီတွေ လိုအပ်နေ

လက်ရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့က မိဘမဲ့‌ဂေဟာတွေမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ နှလုံးသားပရဟိတ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ နေဇော်ထွန်းက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့က ၅၀၁၊ ၅၀၂ တပ်စခန်းကုန်းအပေါ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

လားရှိုးမှာ အသက်အရွယ်မရွေး မျက်စိ အတွင်းတိမ် လူနာတွေကို အခမဲ့ ခွဲစိတ်ကုသပေးနေ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ဒေသဖြစ်တဲ့ လားရှိုးမြို့မှာ အသက်အရွယ်မရွေး မျက်စိအတွင်းတိမ်ရောဂါ အခမဲ့ ခွဲစိတ်ကုသမှုကို မနေ့ မတ်လ ၁ ရက်ကစပြီး လာမယ့် မတ်လ ၇ ရက်အထိ ကုသပေးသွားမှာ ဖြစ်ပါတယ်။

လိုင်ဇာ ဝေကြိုင် စစ်ရှောင်စခန်းက ၃ နှစ်အရွယ် ကလေးငယ်ကို စိတ်ကျန်းမာရေးချို့ယွင်းသူ အမျိုးသားက သတ်ပစ်

ကချင်ပြည်နယ် လိုင်ဇာမြို့နယ် ဝေကြိုင် စစ်ရှောင်စခန်းက ၃ နှစ်အရွယ် ကလေးကို စိတ်ကျန်းမာရေး ချို့ယွင်းသူ အမျိုးသားက မနေ့ မတ်လ ၁ ရက်က မီးရှို့ရိုက်နှက်ကာ သတ်ပစ်လိုက်ကြာင်း ဒေသခံတွေဆီက သိရပါတယ်။

နောင်ချိုမြို့နယ်က စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ ခရီးသည်ကားနဲ့ ကုန်ကားတွေ ၅ သောင်းကနေ ၂ သိန်းအထိ ပေးနေရ

ရှမ်းမြောက် နောင်ချိုမြို့နယ် သုံးဆယ်ရွာ ကွင်းလမ်းအကျော်က စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ ခရီးသည်ကားနဲ့ ကုန်ကားတချို့ဟာ ၅ သောင်းကနေ ၂ သိန်းအထိ ပေးနေရတယ်လို့ ကိုယ်တိုင် ပေးဆောင်ခဲ့ရသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

နယ်စပ်ဖြတ်ကျော်စာအုပ်အတွက် ငွေသိန်းချီ ကောက်ခံခြင်း မရှိကြောင်း မူဆယ် လဝက ငြင်းဆို၊ ပွဲစားတွေကသာ လုပ်ဆောင်တာဖြစ်ပြီး လဝကရုံးသို့ လာရောက် စုံစမ်းဖို့ပြော

မြန်မာ-တရုတ် နယ်စပ်ဂိတ် ဖြတ်ကျော်စာအုပ် လုပ်ဆောင်ပေးရာမှာ ငွေသိန်းချီ ကောက်ခံနေတာ မရှိကြောင်း မူဆယ် လဝကရုံးဘက်က ငြင်းဆိုပါတယ်။