နမ့်ဖက်ကာမှာ မီးသွေးတင်လာတဲ့ ကားတစ်စီး ချောက်ထဲပြုတ်ကျလို့ ၁ဦးသေဆုံပြီး ၁ဦးဒဏ်ရာရ

ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာမှာ မီးသွေးတင်လာတဲ့ ကားတစ်စီး ချောက်ထဲပြုတ်ကျလို့ အမျိုးသား ၁ဦးသေဆုံးပြီး ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

တန့်ယန်းမြို့နယ်မှာ တောမီးရှို့တာကြောင့် ကလေး ၁ ဦးအပါအဝင် ၃ ဦး မီးလောင်ဒဏ်ရာရ

ရှမ်းမြောက် တန့်ယန်းမြို့နယ်မှာ တောမီးရှို့တာကြောင့် ကလေး ၁ ဦးအပါအဝင် ၃ ဦး မီးလောင်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ရှမ်းတောင်နဲ့ ကရင်နီပြည်နယ်မှာ ၁ လအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ

ရှမ်းတောင်-ကရင်နီနယ်စပ်နဲ့ ကရင်နီပြည်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၁ လအတွင်း အရပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပါတယ်။

မြိုင်မြို့နယ်၊ ဆင်စိန်ရွာက ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၂ဦး ဒဏ်ရာ အပြင်းထန်ရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆင်စိန်ရွာက ဘုန်းကြီးကျောင်းကို စစ်‌ကောင်စီတပ်က လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ရွှေဖီမြေကို ပြောပါတယ်။

နတ်ရေကန်ဗျူဟာကုန်း ထိုးစစ်ဆင် တိုက်ခိုက်မှု တိုက်ပွဲပြင်းထန်လာ၊ စစ်ကောင်စီ လေ​ကြောင်း တိုက်ခိုက်လို့ ချင်းအမျိုးသားတစ်ဦး သေဆုံး

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်း ကားလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ နတ်ရေကန် ဗျူဟာကုန်းကို အာရက္ခတပ်တော်-AAနဲ့ တော်လှန်ရေးပူပေါင်းတပ်တို့ ထိုးစစ်ဆင်တိုက်ခိုက်မှုဟာ တိုက်ပွဲပြင်းထန်လာပြီး စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ချင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

လားရှိုးကနေ သယ်လာတဲ့ အမျိုးသမီးအလောင်း ၃ လောင်း နားမခေါ်နား တာလုံလမ်းအဆင်းမှာ လာရောက်စွန့်ပစ်ထားခံရ

ရှမ်းမြောက် သီပေါမြို့နယ် နားမခေါ်ကျေးရွာအနီးက တာလုံလမ်းအဆင်းမှာ သတ်ဖြတ်ထားခံရတဲ့ အမျိုးသမီးအလောင်း ၃ လောင်း တွေ့ရှိထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပွဲစားကနေတဆင့် တရားမဝင် ခိုးပေါက်ကနေ တရုတ်ပြည်ဘက် ဝင်နေတဲ့သူတွေကို ရဲတွေက ငွေ အဆမတန် တောင်းတာတွေရှိသလို ဖမ်းဆီးရိုက်နှက်တာတွေလည်း ရှိနေ

ရှမ်းမြောက် တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ကနေ တရုတ်ပြည်ဘက်သို့ ပွဲစားကနေတစ်ဆင့် တရားမဝင် ခိုးပေါက်ကနေ ဝင်နေတဲ့သူတွေကို ရဲတွေက ငွေ အဆမတန် တောင်းတာတွေရှိသလို ဖမ်းဆီးရိုက်နှက်တာတွေလည်း ရှိနေတယ်လို့ ပြန်လွှတ်လာတဲ့ ကိုအိုက်သန်းက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုး တပေါင်းပွဲမှာ လောင်းကစားဝိုင်းတွေ ဖွင့်ဖို့ ထပ်မံခွင့်ပြုမယ်လို့ဆို

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က ကျင်းပမယ့် တပေါင်းပွဲမှာ လောင်းကစားဝိုင်းတွေပါ ဖွင့်ဖို့ ခွင့်ပြုထားတယ်လို့ ဒေသခံတွေစီက ရွှေဖီမြေက စုံစမ်းသိရပါတယ်။

ဒေါပုံမြို့နယ်က စစ်မှုထမ်းစာရင်းလိုက်ကောက်ချိန် ဓာတ်ဆီလောင်းမီးရှို့ခံခဲ့ရသူ ၂ ဦးထဲက ဆယ်အိမ်မှုး ထပ်မံသေဆုံး

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ စစ်မှုထမ်းဖို့ စာရင်းလိုက်လံကောက်နေချိန်မှာ ဓာတ်ဆီလောင်းမီးရှို့ခံခဲ့ရသူ ၂ ဦးထဲက ဆယ်အိမ်မှုးဖြစ်သူလည်း ထပ်မံ သေဆုံးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကွတ်ခိုင်မှာ ဟင်းခူးနေတဲ့ အမျိုးသမီးတစ်ဦးအပေါ်ကို သစ်ကိုင်းကျိုးကျလို့ ပွဲချင်းပြီးသေဆုံး

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကောင်းနိမ်ကျေးရွာမှာ ဟင်းခူးနေတဲ့ အမျိုးသမီးတစ်ဦးအပေါ်ကို သစ်ကိုင်းကျိုးကျလို့ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။