Browsing Category
သတင်း
3854 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ကွတ်ခိုင်နယ် မုံးစီးမှာ MNDAA နဲ့ KIA တို့ စကားများရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်လို့ KIA တပ်သား၂ ဦးနဲ့ ဒေသခံ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ
ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာမှာ ကိုးကန့်တပ်မတော် (MNDAA)နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIAတို့က စကားများ ရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်လို့ KIA တပ်သား၂ ဦးနဲ့ ဒေသခံ ၃ ဦး သေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦး ပြောပြချက်အရ သိရပါတယ်။
MNDAA ဖမ်းဆီးထားတဲ့ (၁၅)နှစ်အရွယ် အမျိုးသမီးငယ်ကို တစ်လကြာတဲ့အထိ ပြန်မလွှတ်ပေး၊ ဖမ်းဆီးရတဲ့အကြောင်းရင်းကိုလည်း မပြောပြဘဲ အထက်အမိန့်ကြောင့်သာ ပြောနေ
ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် လုံမွန်းကျေးရွာက ကိုးကန့်တပ်မတော်(MNDAA) ဖမ်းဆီးထားတဲ့ အသက် ၁၅ နှစ်အရွယ် နန်းယိင်းဟွမ်ဆိုသူဟာ တစ်လကြာတဲ့အထိ ဖမ်းဆီးထားခံရပြီး လက်ရှိအချိန်ထိ ပြန်လွှတ်ပေးတာမရှိသေးဘူးလို့ မိသားစုဝင်နဲ့ နီးစပ်သူအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မင်းလှမြို့က စစ်မှူးထမ်းကြေးကောက်နေတဲ့ အမျိုးသား ၁ ဦး ပစ်သတ်ခံရ
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုမြန်မာစုကျေးရွာနေ အမျိုးသားတစ်ဦးဖြစ်တဲ့ ကိုခင်မောင်ဝင်းဆိုသူကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃)၊ တပ်ခွဲ(၂) နဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ဦးခေါင်းကို သေနတ်ကျည် (၁)ချက် ပစ်ခတ်လို့ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။
ညောင်ရွှေရောက် စစ်ဘေးရှောင်တွေကို စစ်ကောင်စီက စာပြန်ပွဲ အကြောင်းပြပြီး ဖိအားပေး နေရပ်ပြန်ခိုင်း
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ ရောက်ရှိနေတဲ့ ကရင်နီ စစ်ဘေးရှောင်တွေကို အခု မတ်လအတွင်း အခြေခံပညာစာသင်ကျောင်း စာမေးပွဲတွေ ပြီးဆုံးပြီးတဲ့ အချိန်မှာ စစ်ကောင်စီက ဖိအားပေး နေရပ်ပြန်ခိုင်းသွားနေတယ်လို့ စုံစမ်းသိရပါတယ်။
သိန္နီမြို့မှာ စက်သုံးဆီတင်တဲ့ ကားတွေကို MNDAAက ငွေ သိန်းရာချီနီးပါး အခွန်ကောက်ခံလို့ ဆီကားတွေပိတ်နေ၊ သိန္နီအထက်က မြို့တွေ ဆီစျေး မြင့်တက်လာနိုင်
ကိုးကန့်တပ် (MNDAA)ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်မှာ ဆီတင်တဲ့ ကားတွေကို ကိုးကန့်တပ်က အခွန်ကောက်ခံနေပြီး ဆီတင်တဲ့ ၁၂ဘီးကား ၁စီးကို သိန်း ၁၀၀နီးပါးထိ ကောက်ခံနေတာကြောင့် ဆီကားတွေ ပိတ်မိနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။