Browsing Category
သတင်း
3854 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
တရုတ်ပြည်ကို အလုပ်လုပ်သွားပြီး ၁လကြာ ပျောက်ဆုံးနေတဲ့ မိုင်းယုလေးက အမျိုးသမီးငယ်တစ်ဦး ပြန်လည်တွေ့ရှိ၊ တရုတ်ရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်နေ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာအုပ်စု ဟိုခိုရွာနေ အသက် ၁၈ နှစ်အရွယ်ရှိတဲ့ လွေးခမ်းလာဝ်က တရုတ်ပြည်ဘက်မှာ အလုပ်လုပ်ဖို့ သွားရာကနေ ၁လကြာတဲ့အထိ အဆက်အသွယ်မရပဲ ဒီနေ့ မတ်လ ၆ ရက်မှာတော့ အိမ်ပြန်ရောက်ရှိလာတာ ဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကော့ကရိတ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက်လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့ မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
တာချီလိတ်မြို့မှာရှိတဲ့ KTV နဲ့ တေးဂီတ စားသောက်ဆိုင်တွေအားလုံးကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကာလအတွင်း ခေတ္တပိတ်ထားရန် စစ်ကောင်စီက အသိပေး
ရှမ်းအရှေ့ တာချီလိတ်မြို့မှာရှိတဲ့ KTV နဲ့ တေးဂီတ စားသောက်ဆိုင်တွေအားလုံးကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကာလအတွင်း ခေတ္တပိတ်ထားရန် စစ်ကောင်စီတပ်က မတ်လ ၃ ရက်က အသိပေးထားတယ်လို့ သိရပါတယ်။
ဂန်ဂေါ့မြို့နယ် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အရပ်သား နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ
မကွေးတိုင်း၊ ဂန်ဂေါ့မြို့နယ်မြောက်ပိုင်း၊ ကန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားနှစ်ဦး သေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မူဆယ်မှာ စာအုပ်အနီလုပ်ဖို့အတွက် တုံကင်အမြန်ရဖို့ ငွေ ၇ သိန်းကျော်ကနေ ၉ သိန်းကျပ်အထိ ခရိုင်လဝကကို လာဘ်ပေးရ
ရှမ်းမြောက် တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ တရုတ်နယ်စပ်ဖြတ်သန်းခွင့် BPစာအုပ်အနီလုပ်ဖို့အတွက် တုံကင်ယူစဉ် ငွေ ၇သိန်းကျော်ကနေ ၉ သိန်းကျပ်အထိ ခရိုင်လဝကမှူးဆီ လာဘ်ပေးဆောင်နေရတယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။